Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 3:9 - Common Language Bible

9 သို့​ရာ​တွင်​သူ​တို့​၏​အောင်​မြင်​မှု​သည်​တာ​ရှည်​ခံ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယန္နေ​နှင့် ယံ​ဗြေ​တို့​၏​မိုက်​မဲ​မှု​ကဲ့​သို့​သူ​တို့​၏​မိုက်​မဲ​မှု ကို​လူ​အ​ပေါင်း​တို့​တွေ့​ရှိ​လာ​မည်​ဖြစ်​သော ကြောင့်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 သို့ ရာ တွင် ဆို ခဲ့ သူ နှစ် ယောက်၏ မိုက် မဲ ခြင်း သည် ထင် ရှား သ ကဲ့ သို့၊ ဤ သူ တို့ မိုက် မဲ ခြင်း လည်း လူ ခပ် သိမ်း တို့ ရှေ့ ထင် ရှား မည် ဖြစ်၍ သူ တို့ သြ ဇာ တိုး တက် တော့ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​သူ​နှစ်​ယောက်​တို့၏ မိုက်​မဲ​ခြင်း​သည် လူ​အ​ပေါင်း​တို့​ရှေ့​မှာ ထင်​ရှား​သ​ကဲ့​သို့၊ ဤ​သူ​တို့၏ မိုက်​မဲ ခြင်း​သည်​လည်း ထင်​ရှား​လိမ့်​မည်။ သို့​ဖြစ်၍ သူ​တို့​သည် တိုး၍ မ​လွန်​မ​သွား​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သူ​တို့​သည် နောက်ထပ်​တိုး​၍ တက်လှမ်း​နိုင်​ကြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား သူ​တို့​၏​မိုက်မဲ​မှု​သည် ထို​သူ​နှစ်​ဦး​တို့​၏​မိုက်မဲ​မှု​ကဲ့သို့ လူ​အပေါင်း​တို့​ရှေ့၌ ပေါ်လွင်​ထင်ရှား​လာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 သို့သော် သူတို့​သည် များစွာ ရှေ့ဆက်​တိုးနိုင်​လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့​၏ မိုက်မဲမှု​သည် ယန္နေ​နှင့် ယံဗြေ​တို့​၏ မိုက်မဲမှု​ကဲ့သို့ လူအပေါင်းတို့​ရှေ့တွင် ထင်ရှားမည် ဖြစ်​သောကြောင့်​ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 3:9
14 ပူးပေါင်းရင်းမြစ်များ  

မိက္ခာ​က​လည်း``သင်​ပုန်း​အောင်း​ရန်​အ​တွက်​အ​တွင်း ခန်း​တစ်​ခု​ခု​သို့​ဝင်​သော​အ​ခါ​၌​သိ​ရ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​လေ​သည်။


လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။


ထို​အ​ခါ​ဘု​ရင်​သည်​သူ​၏​ပ​ညာ​ရှိ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​၍၊ သူ​တို့​သည် မှော်​အ​တတ်​ဖြင့်​အ​လား​တူ​ပ​ညာ​စွမ်း​ကို ပြ​ကြ​၏။-


ထို​သူ​တို့​သည်​မိ​မိ​တို့​၏​တောင်​ဝှေး​များ​ကို ပစ်​ချ​ရာ တောင်​ဝှေး​များ​သည်​မြွေ​ဖြစ်​ကြ ကုန်​၏။ သို့​ရာ​တွင်​အာ​ရုန်​၏​မြွေ​က​ထို​သူ တို့​၏​မြွေ​များ​ကို​မျို​လိုက်​လေ​၏။-


အ​ခြား​သော​အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ မှော်​ဆ​ရာ​တို့​ကိုယ်​ပေါ်​တွင်​လည်း​အ​နာ​ဆိုး များ​ပေါက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​သည် မော​ရှေ​ရှေ့​သို့​မ​လာ​နိုင်​ကြ​တော့​ချေ။-


ဗာ​ဗု​လုန်​ဘု​ရင်​သည်​အ​ရှင့်​ကို​သော်​လည်း​ကောင်း၊ ဤ​ပြည်​ကို​သော်​လည်း​ကောင်း​တိုက်​ခိုက်​လိမ့်​မည် မ​ဟုတ်​ဟု ဟော​ပြော​ခဲ့​ကြ​သည့်​အရှင်​၏​ပ​ရော ဖက်​များ​ကား​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။-


ဖာ​ရိ​ရှဲ​တို့​သည်​များ​စွာ​ဒေါ​သ​ဖြစ်​လျက် သ​ခင်​ယေ​ရှု​အား​အ​ဘယ်​သို့​အ​ရေး​ယူ​ရ မည်​ကို​တိုင်​ပင်​ကြ​၏။


ယ​ခု​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​၏​လက်​တော် သည် သင့်​ပေါ်​သို့​ကျ​ရောက်​တော်​မူ​သ​ဖြင့် သင် သည်​မျက်​စိ​ကွယ်​လိမ့်​မည်။ ကာ​လ​အ​တန် အ​ကြာ​နေ​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မြွက်​ဆို​၏။ ချက်​ချင်း​ပင်​မှော်​ဆ​ရာ​သည်​မျက်​စိ​မြှေး ယှက်​၍ မှောင်​အ​တိ​ကျ​ရောက်​လာ​သ​ကဲ့​သို့ ဖြစ်​သ​ဖြင့် လက်​ဆွဲ​၍​လမ်း​ပြ​ခေါ်​ဆောင်​ပေး မည့်​သူ​ကို​ရှာ​ရ​လေ​၏။-


ယ​န္နေ​နှင့်​ယံ​ဗြေ​တို့​သည်​မော​ရှေ​ကို​ဆန့်​ကျင် ဖက်​ပြု​သ​ကဲ့​သို့ ထို​လူ​စု​တို့​သည်​လည်း​သမ္မာ တ​ရား​တော်​ကို​ဆန့်​ကျင်​ဘက်​ပြု​ကြ​၏။ သူ တို့​သည်​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​သူ​များ​ဖြစ်​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ