၂ ကော 8:7 - Common Language Bible7 သင်တို့သည်ယုံကြည်ခြင်း၊ နှုတ်သတ္တိ၊ ပညာ ဉာဏ်၊ ကူညီရန်စေတနာ၊ ငါတို့အားချစ်ခြင်း အစရှိသည့်ပါရမီတို့နှင့်ပြည့်စုံကြွယ်ဝ ကြ၏။ သို့ဖြစ်၍ဒါနပါရမီနှင့်လည်း ပြည့်စုံကြွယ်ဝကြောင်းကိုပြသကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible7 ၎င်း ပြင် သင် တို့ သည် ယုံ ကြည် ခြင်း၊ ဟော ပြော ခြင်း၊ ထိုး ထွင်း ခြင်း၊ စိတ် အား ကြီး ခြင်း၊ ငါ တို့ နှင့် အ ချစ် တူ ခြင်း မှ စ သော အ ရာ ရာ၌ ကြွယ် ဝ သည့် နည်း တူ ဆို ခဲ့ သော သင်္ဂ ဟ ဝတ် နှင့် စပ်၍ လည်း ကြွယ် ဝ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible7 ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရာဟောခြင်း၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည်စုံခြင်း ဖြစ်စေသတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သင်တို့သည် ယုံကြည်ခြင်း၌ဖြစ်စေ၊ ဟောပြောခြင်း၌ဖြစ်စေ၊ အသိပညာ၌ဖြစ်စေ၊ လုံ့လဝီရိယရှိသမျှ၌ဖြစ်စေ၊ ငါတို့အပေါ်ထားရှိသော သင်တို့၏ချစ်ခြင်းမေတ္တာ၌ဖြစ်စေ အရာရာ၌ ကြွယ်ဝပြည့်စုံကြသည့်နည်းတူ ဤကျေးဇူးပြုခြင်းအမှု၌လည်း ကြွယ်ဝပြည့်စုံကြပါစေ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 သင်တို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ အသိပညာရှိခြင်း၊ စိတ်အားထက်သန်မှုအပြည့်ရှိခြင်း နှင့် သင်တို့အထဲ၌ ကျွန်ုပ်တို့လှုံ့ဆော်ပေးခဲ့သော ချစ်ခြင်း စသည့် အချက်တို့၌ ကြွယ်ဝကြသကဲ့သို့ ဤလှူဒါန်းခြင်း၌လည်း ကြွယ်ဝကြပါစေ။ အခန်းကိုကြည့်ပါ။ |
အဘယ်သူသည်သင်တို့အားသူတစ်ပါး ထက်ထူးကဲစေပါသနည်း။ သင်တို့တွင်ရှိ သမျှသောအရာတို့သည် ဘုရားသခင် ချပေးတော်မူသောအရာများမဟုတ် ပါလော။ သို့ဖြစ်ပါလျက်သင်တို့ရရှိထား သောအရာများသည် ဘုရားသခင်ချပေး တော်မူသောဆုကျေးဇူးများမဟုတ် သကဲ့သို့ သင်တို့အဘယ်ကြောင့်ကြွား ဝါသနည်း။
သင်တို့သည်အမြတ်ဆုံးသောအရာကိုရွေးယူ နိုင်အံ့သောငှာအသိပညာ၊ ပိုင်းခြားဝေဖန်တတ် သောစွမ်းရည်တို့နှင့်ပြည့်စုံ၍မေတ္တာပါရမီတိုး သည်ထက်တိုးလာကြစေရန်သင်တို့အတွက် ငါဆုတောင်းပတ္ထနာပြုပါသည်။ သို့မှသာလျှင် သင်တို့သည်ခရစ်တော်ကြွလာတော်မူသော နေ့ရက်၌အပြစ်ဆိုဖွယ်မရှိဘဲအညစ် အကြေးနှင့်ကင်းစင်လိမ့်မည်။-
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။