Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 21:17 - Common Language Bible

17 ဒါ​ဝိဒ်​က``အို ဘု​ရား​သ​ခင်၊ အ​မှား​ကို​ပြု သူ​မှာ​ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​အ​မိန့်​ပေး​သူ​မှာ ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ ဤ​သ​နား​စ​ရာ ကောင်း​သော​သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ကြ​ပါ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​နှင့် ကျွန်​တော်​မျိုး​၏​အိမ်​ထောင်​စု​ကို​ဒဏ်​ခတ် တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား ချမ်း​သာ​ပေး​တော်​မူ​ပါ'' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဒါ ဝိဒ် မင်း က၊ လူ မျိုး ကို စာ ရင်း ကောက် ရန် အ မိန့် ပေး သူ သည် အ ကျွန်ုပ် မ ဟုတ် ပါ လော။ ပြစ် မှား ၍ ဒု စ ရိုက် ပြု မိ သူ ကား အ ကျွန်ုပ် ပါ တည်း။ ဤ သိုး စု မှာ မူ မည် သို့ ပြု ဘိ သ နည်း။ အို အ ကျွန်ုပ် ဘု ရား သ ခင် ထာ ဝ ရ ဘုရား အ ကျွန်ုပ် နှင့် ဆွေ သား မျိုး ချင်း တို့ အ ပေါ် တွင် သာ လက် တော် သင့် ရောက် ပါ စေ သော။ လူ မျိုး တော် ကို ဒဏ် ခတ် ရန် သင့် ရောက် တော် မ မူ ပါ စေ လင့် ဟု ဘု ရား သ ခင် အား တောင်း လျှောက် သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဒါ​ဝိဒ်​က​လည်း၊ ပြည်​သား​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ စီ​ရင်​သော​သူ​ကား အ​ကျွန်ုပ်​ဖြစ်​ပါ​သည် မ​ဟုတ်​လော။ အ​ကျွန်ုပ် ပြစ်​မှား​ပါ​ပြီ။ အ​လွန်​ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ ဤ​သိုး​တို့​မူ​ကား အ​ဘယ်​သို့ ပြု​မိ​ပါ​သ​နည်း။ အို​အ​ကျွန်ုပ် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​ကို ဒဏ်​ခတ်​ခြင်း​ငှာ လက်​တော်​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပါ​ဟု ဘု​ရား​သ​ခင်​အား တောင်း​ပန်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့နောက် ဒါဝိဒ်​မင်းကြီး​က ဘုရားသခင်​အား “​လူဦးရေ​စာရင်းကောက်ယူ​ရန် စေခိုင်း​ခဲ့​သူ​မှာ အကျွန်ုပ်​ပင် ဖြစ်​သည်​မ​ဟုတ်​လော​။ ဆိုးညစ်မှု​ကို​ပြု​ပြီး အပြစ်ရှိ​သူ​မှာ အကျွန်ုပ်​ပင်​ဖြစ်​သည် မ​ဟုတ်​လော​။ ဤ​သိုး​တို့​မူကား မည်သည့်​အပြစ်​ကို ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​နှင့်​အကျွန်ုပ်​ဘိုးဘေး​၏​အိမ်သူအိမ်သား​တို့​ကို​သာ ကိုယ်တော်​၏​လက်​သို့ ကျရောက်​စေ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​တို့​အပေါ်​သို့ ဘေးဒဏ်​မ​ကျရောက်​ပါစေ​နှင့်​”​ဟု လျှောက်တင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 21:17
20 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​သူ​ငယ်​၏​ကိုယ်​စား​ကျွန်​တော်​သည် အ​ရှင့်​ထံ​၌​ကျွန်​ခံ​နေ​ရစ်​ပါ​ရ​စေ။ သူ​ငယ် ကို​သူ​၏​အစ်​ကို​များ​နှင့်​ပြန်​ခွင့်​ပြု​ရန်​တောင်း ပန်​ပါ​သည်။-


သင်​သည်​ငါ့​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ ဥ​ရိ​ယ​၏​ဇ​နီး​ကို​သိမ်း​ယူ​သော​ကြောင့် သင်​၏​ဆွေ​စဉ်​မျိုး​ဆက်​တိုင်း​၌​သေ​ခြင်း ဆိုး​ဖြင့်​သေ​ရ​သူ​များ​ရှိ​လိမ့်​မည်။-


တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​ကို​ဒဏ်​ခတ်​ရန်​ဒါ​ဝိဒ်​အား​အ​ပြစ်​ကူး မိ​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``သင်​သည် သွား​၍​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​တွင်​သန်း ခေါင်​စာ​ရင်း​ကောက်​ယူ​လော့'' ဟု​ဒါ​ဝိဒ်​အား မိန့်​တော်​မူ​၏။-


လူ​တို့​အား​ဒဏ်​ခတ်​သော​ကောင်း​ကင်​တ​မန် ကို​ဒါ​ဝိဒ်​မြင်​သော​အ​ခါ``အ​ပြစ်​ရှိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဒု​စ​ရိုက်​ပြု​မိ​သူ​မှာ အ​ကျွန်ုပ်​ဖြစ်​ပါ​၏။ ဤ​သူ​တို့​သည်​အ​ဘယ် ပြစ်​မှု​ကို​ပြု​မိ​ကြ​ပါ​သ​နည်း။ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အိမ်​ထောင်​စု​ကို​သာ အ​ပြစ်​ပေး​တော်​မူ​သင့်​ပါ​၏'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​၏။


သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`ငါ​သည်​သင့် ကို​ငါ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​ဖြစ်​စိမ့်​သော​ငှာ​သိုး​ကျောင်း​ရာ ကွင်း​ထဲ​မှ​ခေါ်​ယူ​ခဲ့​၏။-


ထို​အ​ခါ​မိက္ခာ​က``ဣ​သ​ရေ​လ​ပြည်​သူ​တို့ သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့ တောင် ကုန်း​များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို ငါ​မြင်​၏။ ထာ​ဝ​ရ​ဘု​ရား​က`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​ဧ​ချမ်း​စွာ​ပြန်​ခွင့်​ပြု​ကြ​လော့' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​လေ​၏။


ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည် ဤ​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး​လွန်​မိ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​သည် မိုက်​မဲ​စွာ​ပြု​မိ ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​၏။


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သိုး​များ သ​ဖွယ် အ​သတ်​ခံ​စေ​တော်​မူ​လျက်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ကွဲ​လွင့်​သွား​စေ​တော်​မူ​ပါ​၏။


အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ချမ်း​သာ​ပေး တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ကြောင်း​ကို​ဝမ်း​မြောက်​စွာ ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။


ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ပြစ်​မှား ပါ​ပြီ။ ကိုယ်​တော်​ရှင်​ကို​သာ​လျှင်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​၌​ဒု​စ​ရိုက်​ကို ပြု​ပါ​ပြီ။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင် တ​ရား​စီ​ရင်​တော်​မူ​သည်​မှာ​လျော်​ကန်​ပါ​၏။ ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ သည်​မှာ တ​ရား​ပါ​၏။


အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​တော်​မျိုး​တို့​အား​ဤ​သို့​စွန့်​ပစ်​၍ ထား​တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​စဉ်​အ​မြဲ အ​မျက်​ထွက်​၍​နေ​တော်​မူ​ပါ​မည်​လော။


ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-


သင်​ပြု​ခဲ့​သ​မျှ​သော​အ​မှား​တို့​ကို​ငါ​ခွင့် လွှတ်​သော​အ​ခါ သင်​သည်​ယင်း​အ​မှား​တို့ ကို​သ​တိ​ရ​လျက်​ရှက်​သ​ဖြင့် နှုတ်​ကို​ပင် မ​ဖွင့်​နိုင်​သည်​တိုင်​အောင်​အ​ရှက်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။


ယော​န​က``ငါ့​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​လော့။ သို့​ပြု​လျှင်​လေ​မုန်​တိုင်း​သည်​ငြိမ်​သွား​လိမ့်​မည်။ သင်​တို့​လေ​ပြင်း​မုန်​တိုင်း​မိ​ရ​ကြ​သည်​မှာ​ငါ​၏​အ​ပြစ်​ကြောင့်​ဖြစ်​ကြောင်း​ငါ​သိ​ပါ​၏'' ဟု​ဖြေ​၏။


ကိုယ်​တော်​ကို​ယ​ခု​ပစ်​ပယ်​ကြ​မည်​လော။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယ​နေ့​ပုန်​ကန် လျှင်​နက်​ဖြန်​နေ့​၌​ကိုယ်​တော်​သည် ဣ​သ​ရေ​လ တစ်​မျိုး​သား​လုံး​ကို​အ​မျက်​ထွက်​တော်​မူ လိမ့်​မည်။-


ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သက်​တော် ကို​စွန့်​တော်​မူ​သော​ကြောင့်​မေတ္တာ​အ​ကြောင်း ကို​ငါ​တို့​သိ​ရ​ကြ​၏။ ငါ​တို့​သည်​လည်း​မိ​မိ တို့​၏​ညီ​အစ်​ကို​များ​အ​တွက်​အ​သက်​စွန့် သင့်​ကြ​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ