၁ ရာချုပ် 21:16 - Common Language Bible16 ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။- အခန်းကိုကြည့်ပါ။Garrad Bible16 ဒါ ဝိဒ် မင်း သည် မျှော် ကြည့် သ ဖြင့် မိုး မြေ အ ကြား ရပ် တန့်၍ ယေ ရု ရှ လင် မြို့ အ ထက် ဓား လွတ် ကိုင် မိုး လျက် နေ သော ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ကို မြင် ရ သော် လူ ကြီး တို့ နှင့် တ ကွ လျှော် တေ ဝတ်၍ ပျပ် ဝပ် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible16 ဒါဝိဒ်သည် မျှော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယေရုရှလင်မြို့အပေါ်မှာ ဓားကိုမိုးလျက် မိုးကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေသည်ကိုမြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပျပ်ဝပ်လျက်နေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။
ယင်းသို့ထိုသူတို့သတ်ဖြတ်နေကြချိန် ၌ငါသည်တစ်ယောက်တည်းကျန်ခဲ့၏။ ငါ သည်မြေပေါ်သို့လှဲချပျပ်ဝပ်ကာ``အရှင် ထာဝရဘုရား၊ ကိုယ်တော်သည်ဣသရေလ ပြည်တွင်ကျန်ရှိသမျှသောလူတို့ကိုသတ် ဖြတ်စေသည့်တိုင်အောင် ယေရုရှလင်မြို့ကို အမျက်ထွက်တော်မူပါသလော'' ဟုဟစ် အော်လျှောက်ထား၏။