၁ ရာချုပ် 11:22 - Common Language Bible22 ကပ်ဇေလမြို့မှယောယဒ၏သားဗေနာယ သည် နာမည်ကျော်စစ်သူရဲတစ်ဦးဖြစ်၏။ သူ သည်ရဲဝံ့စွန့်စားမှုအမြောက်အများကို ပြုခဲ့၏။ ယင်းအမှုတို့တွင်အလွန်ကြီးမား သောမောဘအမျိုးသားနှစ်ယောက်ကိုသတ် သောကိစ္စလည်းပါ၏။ အခါတစ်ပါးကသူ သည်မိုးပွင့်ကျသည့်နေ့တစ်နေ့၌သားရဲ တွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible22 မြောက် မြား စွာ ပြု ဘူး သော ကပ် ဇေ လ မြို့ နေ သူ ရဲ ယော ယ ဒ သား ဗေ နာ ယ လည်း မော ဘ လူ မျိုး အ ရေ လ သား နှစ် ယောက် ကို သတ် သည့် ပြင် မြေ တွင်း၌ အောင်း နေ သော ခြင်္သေ့ ကို မိုး ပွင့် ကျ ရာ ကာ လ တွင် ဆင်း ဝင် သတ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 အထူးသဖြင့် ပြုဖူးသောကပ်ဇေလမြို့သား၊ သူရဲယောယဒ၏သားဗေနာယသည်လည်း ခြင်္သေ့နှင့်တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်းကာလ၌လည်း၊ အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကိုသတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ရဲစွမ်းသတ္တိထက်မြက်သော ကပ်ဇေလမြို့မှ စစ်သူရဲမျိုးရိုး ယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့ကဲ့သို့အားကြီးသောမောဘလူမျိုးနှစ်ဦးကို သုတ်သင်ပစ်ခဲ့၏။ နှင်းကျသောနေ့တစ်နေ့တွင် ခြင်္သေ့တွင်းထဲသို့ဝင်ပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။ အခန်းကိုကြည့်ပါ။ |
ဗေနာယသည်ထာဝရဘုရားစံတော်မူ ရာတဲတော်သို့သွား၍ ယွာဘအား``အပြင် သို့ထွက်ခဲ့လော့။ မင်းကြီးအမိန့်တော်ရှိ သည်'' ဟုဆို၏။ ယွာဘက``ငါမလာလို။ ဤအရပ်တွင်ပင် အသေခံမည်'' ဟုပြန်ပြော၏။ ဗေနာယသည်လည်းမင်းကြီးထံပြန်သွား ပြီးလျှင် ယွာဘပြောသည့်စကားကိုပြန် ကြားလျှောက်ထားလေသည်။
ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-