Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 11:23 - Common Language Bible

23 အ​လွန်​ကြီး​မား​သော​လှံ​ကို​ဆောင်​ထား​သူ အ​မြင့်​ခု​နစ်​ပေ​ခွဲ​ရှိ အီ​ဂျစ်​အ​မျိုးသား ကြီးတစ်​ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ သည်​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ​၏​လက် မှ​လှံ​ကြီး​ကို​လု​ယူ​လိုက်​၏။ ထို့​နောက်​ထို လှံ​ဖြင့်​ပင်​လျှင်​သူ၏​အား​အ​ဆုံး​စီ​ရင် လေ​တော့​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ရက် ကန်း လက် လိပ် နှင့် အ မျှ လှံ လက် နက် ကို စွဲ ကိုင် သော အ ရပ် အ မောင်း ငါး တောင် ကြီး မြင့် သူ၊ အိ ဂျစ် လူ မျိုး တစ် ယောက် ထံ တုတ် နှင့် သာ ချဉ်း ဝင်၍ ထို အိ ဂျစ် လူ မျိုး လက် မှ လှံ ကို လု ယူ ပြီး လျှင် ၎င်း လှံ ဖြင့် ထိုး သတ် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 အ​ရပ်​ငါး​တောင်​မြင့်​သော အဲ​ဂု​တ္တု​လူ​ကို​လည်း သတ်၏။ အဲ​ဂု​တ္တု​လူ​သည် ရက်​ကန်း​လက်​လိပ်​နှင့်​အ​မျှ ကြီး​သော​လှံ​ကို ကိုင်​သော်​လည်း၊ ဗေ​နာ​ယ​သည် တောင်​ဝှေး​ကို​သာ​ကိုင်​လျက် သွား၍၊ အဲ​ဂု​တ္တု​လူ​လက်​မှ လှံ​ကို​လု​ယူ​ပြီး​လျှင် ထို​လှံ​နှင့် သူ့​ကို​သတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သူ​သည် အရပ်​ငါး​တောင်​ရှိ​သော​အီဂျစ်​အမျိုးသား​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​၏​။ ရက်ကန်းလိပ်တုံး​တမျှ​ကြီး​သော​လှံ​ကို​ကိုင်​ထား​သော ထို​အီဂျစ်​အမျိုးသား​အား သူ​သည် ကြိမ်လုံး​ဖြင့်​သာ သွား​၍​တိုက်ခိုက်​၏​။ အီဂျစ်​အမျိုးသား​၏​လက်​မှ လှံ​ကို​လုယူ​၍ ထို​လှံ​ဖြင့်​ပင် ထို​သူ​ကို ထိုးသတ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 11:23
6 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​မှုများ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တွင် ပါ​ဝင်​သူ ဗေ​နာ​ယ​၏​စွန့်​စား​ခန်း​များ ဖြစ်​လေ​သည်။-


ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ခြား​တိုက်​ပွဲ တစ်​ရပ်​ဖြစ်​သေး​၏။ ထို​တိုက်​ပွဲ​တွင်​ယာ​ဣ​ယ ၏​သား​ဧ​လ​ဟာ​နန်​သည် ဂါ​သ​မြို့​မှ ဂေါ​လျက်​၏​ညီ​လာ​ခ​မိ​အား​လုပ်​ကြံ လိုက်​၏။ ဧ​လ​ဟာ​နန်​လှံ​ရိုး​သည်​ရက်​ကန်း လက်​လိပ်​တ​မျှ​ကြီး​မား​သ​တည်း။


(သြ​ဃ​ဘု​ရင်​သည်​အ​လွန်​ထွား​ကြိုင်း​သော ရီ​ဖိမ် အ​နွယ်​ဝင်​ထဲ​မှ​နောက်​ဆုံး​ကြွင်း​ကျန်​သူ​ဖြစ်​၏။ သူ​၏​အ​လောင်း​ထည့်​ရာ​ခေါင်း​ကို​ကျောက်​ဖြင့် ပြု​လုပ်​၍ အ​နံ​ခြောက်​ပေ၊ အ​လျား​တစ်​ဆယ့် လေး​ပေ​နီး​ပါး​ရှိ​၏။ ထို​ဘု​ရင်​၏​ခေါင်း​ကို အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​တွင်​ယ​နေ့​တိုင်​တွေ့​မြင် နိုင်​လေ​သည်။)


ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ ခန့်​မြင့်​၍၊-


သူ​သည်​ဂေါ​လျတ်​ရှိ​ရာ​သို့​ပြေး​ပြီး​နောက် သူ့​ကို ခြေ​နှင့်​နင်း​ကာ​သူ​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ဆွဲ​ထုတ် ပြီး​လျှင် ခေါင်း​ကို​ဖြတ်​၍​သတ်​လေ​တော့​သည်။ ဖိ​လိတ္တိ​အ​မျိုး​သား​များ​သည် မိ​မိ​တို့​သူ​ရဲ ကောင်း​ကြီး​ကျ​ဆုံး​သွား​သည်​ကို​မြင်​ကြ သော​အ​ခါ​ထွက်​ပြေး​ကြ​ကုန်​၏။-


သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ