၁ ရာချုပ် 11:21 - Common Language Bible21 သူသည်ရဲဘော်သုံးကျိပ်တို့တွင်နာမည် အကြီးဆုံးဖြစ်၍ သူတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သို့ရာတွင်သူရဲကောင်း သုံးယောက်လောက်နာမည်မကြီးချေ။ အခန်းကိုကြည့်ပါ။Garrad Bible21 သုံး ယောက် တို့ အ တွင်း နှစ် ယောက် ထက် အ သ ရေ ရှိ သော ကြောင့် ဗိုလ် မှူး ဖြစ် သော် လည်း ဗိုလ် သုံး ဦး တို့ ဘွဲ့ ကို မ ရ ချေ။ အခန်းကိုကြည့်ပါ။Judson Bible21 သူရဲသုံးယောက်တွင် နှစ်ယောက်ထက်သာ၍ မြတ်သောကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပထမသူရဲသုံးယောက်တို့ကို မမီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 သူသည် ထိုသူရဲကောင်းသုံးဦးတို့ထက် နှစ်ဆအစွမ်းထက်သောကြောင့် သူတို့၏အကြီးအကဲဖြစ်ရ၏။ သို့သော် ပထမသူရဲကောင်းသုံးဦးကို မမီ။ အခန်းကိုကြည့်ပါ။ |
ကပ်ဇေလမြို့မှယောယဒ၏သားဗေနာယ သည် နာမည်ကျော်စစ်သူရဲတစ်ဦးဖြစ်၏။ သူ သည်ရဲဝံ့စွန့်စားမှုအမြောက်အများကို ပြုခဲ့၏။ ယင်းအမှုတို့တွင်အလွန်ကြီးမား သောမောဘအမျိုးသားနှစ်ယောက်ကိုသတ် သောကိစ္စလည်းပါ၏။ အခါတစ်ပါးကသူ သည်မိုးပွင့်ကျသည့်နေ့တစ်နေ့၌သားရဲ တွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။-