၁ ယော 5:8 - Common Language Bible8 ယင်းတို့ကားဝိညာဉ်တော်၊ ရေနှင့်သွေးတို့ဖြစ် ကြ၏။ ထိုသုံးပါးတို့သည်တညီတညွတ် တည်းသက်သေခံကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ဝိ ညာဉ် တော်၊ ရေ တော်၊ အ သွေး တော် သုံး ပါး တို့ သည် တစ် ညီ တစ် ညွတ် သက် သေ ခံ လျက် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တစ်ပါး၊ ရေတစ်ပါး၊ အသွေးတစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်း ဖြစ်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ၎င်းတို့မှာ ဝိညာဉ်တော်၊ ရေနှင့် သွေးတို့ဖြစ်ကြ၏။ ထိုသုံးပါးတို့သည် တညီတညွတ်တည်းသက်သေခံကြ၏။ အခန်းကိုကြည့်ပါ။ |
ဤတွင်ရေဟုဆိုရာ၌သင်တို့ကိုယခုကယ် တင်သောဗတ္တိဇံမင်္ဂလာကိုပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာခံယူခြင်းသည်ကိုယ်ကာယ အညစ်အကြေးများကိုသန့်စင်ဆေးကြော ခြင်းမဟုတ်။ သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဘုရားသခင်၏ရှေ့တော်၌ကတိသစ္စာပြု ခြင်းဖြစ်ပေသည်။ သေခြင်းမှသခင်ယေရှု ခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းကို အကြောင်းပြု၍ သင်တို့သည်ဗတ္တိဇံအား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏။-