Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 5:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ၎င်းတို့​မှာ ဝိညာဉ်တော်၊ ရေ​နှင့် သွေး​တို့​ဖြစ်ကြ၏။ ထို​သုံးပါး​တို့​သည် တညီတညွတ်တည်း​သက်သေခံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ယင်း​တို့​ကား​ဝိ​ညာဉ်​တော်၊ ရေ​နှင့်​သွေး​တို့​ဖြစ် ကြ​၏။ ထို​သုံး​ပါး​တို့​သည်​တ​ညီ​တ​ညွတ် တည်း​သက်​သေ​ခံ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ဝိ ညာဉ် တော်၊ ရေ တော်၊ အ သွေး တော် သုံး ပါး တို့ သည် တစ် ညီ တစ် ညွတ် သက် သေ ခံ လျက် ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 မြေ​ကြီး​ပေါ်၌​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး၊ ရေ​တစ်​ပါး၊ အ​သွေး​တစ်​ပါး၊ သက်​သေ​ခံ​သုံး​ပါး​ရှိ၍ ထို​သုံး​ပါး​တို့​သည် တ​ညီ​တ​ညွတ်​တည်း ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 5:8
14 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်တို့​သွား​၍ လူမျိုး​အပေါင်းတို့​ကို ငါ့​တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​တို့​၏​အမည်​နာမ​၌ သူတို့​ကို နှစ်ခြင်းမင်္ဂလာ​ပေးကြလော့။


လူများစွာတို့​သည် ယေရှု​နှင့်​ပတ်သက်​၍ မမှန်သော​သက်သေများ ထွက်ဆိုကြ​သော်လည်း သူတို့​၏​ထွက်ဆိုချက်များ​မှာ တစ်ခု​နှင့်​တစ်ခု ကိုက်ညီမှု​မရှိကြပေ။


သို့သော် ငါ​သည် သမ္မာတရား​ကို ဖော်ပြသည့် ကူညီမစတော်မူသော​အရှင် သန့်ရှင်းသော​ဝိညာဉ်တော်​ကို သင်တို့​ထံ စေလွှတ်မည်။ ထို​ဝိညာဉ်တော်​သည် ခမည်းတော်​ထံမှ ကြွလာ​၍ ငါ​၏​အကြောင်း​မှန်သမျှ​ကို သက်သေခံ​လိမ့်မည်။


သို့သော်လည်း စစ်သား​တစ်ဦး​သည် ယေရှု​၏​နံဘေးတော်​ကို လှံ​ဖြင့် ထိုး​ရာ သွေး​နှင့်​ရေ စီးထွက်လာ၏။


ဤ​အကြောင်းအရာ​သည် ပရောဖက်များ​၏ ဟောပြောချက်များ​နှင့် ကိုက်ညီ၏။ ကျမ်းစာ​တွင်


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြောင်း ထို​ဝိညာဉ်တော် ကိုယ်တိုင်​ပင် ကျွန်ုပ်တို့​၏ စိတ်ဝိညာဉ်​နှင့်အတူ သက်သေခံတော်မူ၏။


ထို​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို မိမိ​ပိုင်သော လူများ​အဖြစ် တံဆိပ်​ခတ်နှိပ်တော်မူ​၍ ဖြစ်လာမည့်​အရာများ​အတွက် အာမခံချက်​ပေး​လျက် ကျွန်ုပ်တို့​၏ စိတ်နှလုံး​ထဲ၌ ဝိညာဉ်တော်​ကို စရန်​အဖြစ် သွင်းပေးတော်မူ၏။


ထို​နည်းတူ ယေရှု​သည် လူတို့​ကို မိမိ​အသွေး​အားဖြင့် စင်ကြယ်​စေရန် မြို့တံခါး​အပြင်​၌ အသေခံတော်မူ၏။


ဘုရားသခင်​ကို စွန့်သွားသော​သူတို့​အား တစ်ဖန် နောင်တရ​စေရန် မည်သို့​ဖြစ်နိုင်တော့​မည်နည်း။ တစ်ချိန်​က ထို​သူတို့​သည် ဘုရားသခင်​၏ ဉာဏ်အလင်း​ကို ရ​၍ ကောင်းကင်ဘုံ​မှ ကျေးဇူးတော်​ကို မြည်းစမ်း​ကာ သန့်ရှင်းသော​ဝိညာဉ်တော်​၏​ကောင်းချီး​ကို ခံစားရသည့်​သူများ​ဖြစ်ခဲ့ကြ၏။


ဤ​အရာ​သည် ယခု​သင်တို့​ကို ကယ်တင်သည့်​နှစ်ခြင်းမင်္ဂလာ​ကို ပုံဆောင်၏။ နှစ်ခြင်း​မင်္ဂလာ​သည် ကိုယ်ခန္ဓာ​အညစ်အကြေး​ကို ဖယ်ရှားခြင်း​မဟုတ်။ ယေရှု​ခရစ်တော်​၏​ရှင်ပြန်ထမြောက်ခြင်း​မှ​တစ်ဆင့် ကယ်တင်တော်မူခြင်း​ခံရကြောင်း လိပ်ပြာသန့်​နိုင်ရန် ဘုရားသခင်​ထံ တောင်းလျှောက်ခြင်း​ဖြစ်၏။


ကျွန်ုပ်တို့​သည် လူ​၏​သက်သေ​ကို လက်ခံကြ၏။ ဘုရားသခင်​၏ သက်သေ​မှာမူ ပို​၍ ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော် ဤ​သက်သေခံချက်​သည် ဘုရားသခင်​၏ သက်သေခံတော်မူချက်​ဖြစ်​၍ မိမိ​သားတော်​နှင့်​ပတ်သက်သော သက်သေခံတော်မူချက်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ