ဧသတာ 2:17 - Common Language Bible17 မင်းကြီးသည်သူ့အားအခြားအမျိုး သမီးအပေါင်းတို့ထက်ပို၍နှစ်သက်တော် မူသဖြင့် သူသည်ရှေ့တော်တွင်မျက်နှာပွင့် လန်းလျက်ချစ်ခင်မြတ်နိုးတော်မူခြင်း ကိုခံရလေသည်။ မင်းကြီးသည်သူ့အား ရာဇသရဖူကိုဆောင်း၍ပေးပြီးလျှင် ဝါရှတိ၏အစားမိဖုရားမြှောက်တော် မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 ဘု ရင် မင်း သည် မိ ဖု ရား တ ကာ တို့ ထက် မြတ် နိုး၍၊ အ ပျို က ညာ အပေါင်း တို့ ထက် လည်း မျက် နှာ သာ ရ ပေး သ ဖြင့် မာ လိက တန် ဆာ ကို ဆင် ယင် စေ လျက် ဝါ ရှ တိ အ ရာ ၌ မိ ဖု ရား မြှောက် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible17 အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမတကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍ မိဖုရားဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ရှင်ဘုရင်သည် အခြားအပျိုတော်တို့ထက် ဧသတာကို ချစ်၏။ ထို့ကြောင့် ဧသတာသည် အခြားအပျိုတော်တို့ထက် မျက်နှာသာရ၍ မေတ္တာကရုဏာကို ခံရ၏။ ထို့ပြင် ရှင်ဘုရင်သည် သူ့ခေါင်းပေါ်၌ တော်ဝင်သရဖူကိုဆောင်းပေး၍ ဝါရှတိအစား သူ့ကို မိဖုရားမြှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍သင်သည်ယခုအချိန်အခါမျိုး ၌ဆိတ်ဆိတ်နေပါမူ ယုဒအမျိုးသားတို့ သည် ကောင်းကင်ဘုံမှအကူအညီကိုရရှိ ၍ကယ်တင်ခြင်းကိုခံရကြပါမည်။ သင်မူ ကားအသတ်ခံရလျက်ဖခင်၏အိမ်ထောင်စု သည်လည်းပျက်စီးဆုံးပါးကြလိမ့်မည်။ သို့ ရာတွင်သင်မိဖုရားဖြစ်လာရသည်မှာ ဤ အချိန်အခါမျိုးအတွက်ပင်ဖြစ်သည်မ ဟုတ်ပါလော'' ဟုသတိပေးစကားမှာ ကြားလိုက်၏။
ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဤပြည်တွင်ရှိသမျှသောသစ်ပင်တို့သည် သိရကြလိမ့်မည်။ ငါသည်သစ်ပင်မြင့်များကိုခုတ်လှဲ၍ သစ်ပင်ငယ်တို့ကိုမြင့်မားလာစေ၏။ စိမ်းလန်းသောအပင်တို့ကိုညှိုးနွမ်းခြောက်သွေ့စေ၍ သွေ့ခြောက်သောအပင်တို့ကိုစိမ်းလန်းလာ စေ၏။ ဤကားငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါသည်မိမိ၏စကားအတိုင်း ပြုမည်'' ဟူ၍တည်း။
ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။