ဧသတာ 2:18 - Common Language Bible18 ထိုနောက်မိမိ၏မှူးမတ်များနှင့်မင်းအရာ ရှိအပေါင်းကိုဖိတ်ကြားတော်မူ၍ ဧသတာ အားဂုဏ်ပြုစားသောက်ပွဲကြီးကိုကျင်းပ တော်မူ၏။ သူသည်အင်ပါယာနိုင်ငံတော် တစ်ဝှမ်းလုံးတွင်ထိုနေ့ကိုအလုပ်နားရက် အဖြစ်သတ်မှတ်ကြေငြာတော်မူ၍ ဘုရင့် ဂုဏ်နှင့်လျော်စွာဆုတော်လာဘ်တော်များ ကိုလည်းပေးသနားတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 ဧ သ တာ့ ပွဲ ဟူ၍ ခမ်း နား သော စား သောက် ပွဲ သ ဘင် ကို၊ မှူး တော် မတ် တော်၊ ကျေး ကျွန် သင်း ပင်း တို့ အ ဖို့ ယင် လျက်၊ ပြည် ထောင် တ ကာ တွင် အ ငြိမ်း ပေး သည့် ပြင်၊ ရက် ရော စွာ လှူ ဒါန်း လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီးသောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဖို့ လုပ်သဖြင့်၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ်၍၊ စည်းစိမ်တော်နှင့်လျော်စွာ ဆုချတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ထို့နောက် ရှင်ဘုရင်သည် မှူးမတ်နှင့်မင်းမှုထမ်း အပေါင်းတို့ပါသော စားသောက်ပွဲကြီးကို ကျင်းပ၏။ ဤပွဲသည် ဧသတာအတွက်ကျင်းပသောပွဲဖြစ်၏။ မိမိပိုင်နက်တစ်ဝန်းလုံးတွင် ထိုနေ့ကို အားလပ်ရက်အဖြစ်သတ်မှတ်၍ တော်ဝင်လက်ဆောင်များကိုလည်း ရက်ရက်ရောရောပေးကမ်းလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်များသည်ရန်သူတို့အားယုဒ အမျိုးသားတို့သုတ်သင်ပယ်ရှင်းသည့်နေ့ များဖြစ်သည်။ ထိုလသည်သူတို့စိတ်ပျက် ဝမ်းနည်းခြင်းမှဝမ်းမြောက်ရွှင်မြူးခြင်းသို့ ကူးပြောင်းရာလဖြစ်၏။ သို့ဖြစ်၍သူတို့ သည်ထိုနေ့ရက်တို့တွင်ပျော်ရွှင်ပွဲများ ကျင်းပကာ မိမိတို့အချင်းချင်းအား လည်းကောင်း၊ ဆင်းရဲသူများအားလည်း ကောင်းအစားအစာလက်ဆောင်များ ပေးကမ်းကြရန်ဖြစ်ပေသည်။-
ဤအကြောင်းကိုသိုးထိန်းတို့အားမေးမြန်း လျှင်သင်သိရှိနိုင်ပါလိမ့်မည်။ ကျွန်တော်တို့ သည်ဤပွဲနေ့၌ဤအရပ်သို့လာပါပြီ။ ဒါဝိဒ်ကကျွန်တော်တို့အားကြိုဆိုဧည့်ခံ ပါရန်ပန်ကြားလိုက်ပါ၏။ သင်၏အစေခံ ကျွန်တော်တို့အားလည်းကောင်း၊ သင်၏မိတ် ဆွေဒါဝိဒ်အားလည်းကောင်းသင်ပေးနိုင် သည့်အရာကိုကျေးဇူးပြု၍ပေးပါလော့။'