ဧသတာ 2:15 - Common Language Bible15 အဘိဟဲလ၏သမီး၊ မော်ဒကဲ၏ဝမ်းကွဲ နှမနှင့်မွေးစားသမီး၊ မြင်သူတိုင်းချီးမွမ်း ခံရသည့်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရန်အလှည့်ရောက်သောအခါ အပျို တော်ဆောင်အုပ်၊ မိန်းမစိုးဟေဂဲအကြံ ပေးသည့်အဝတ်အစားကိုဝတ်ဆင်၍ သွားလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible15 သ မီး ရင်း သ ဖွယ် မော် ဒ ကဲ မွေး စား သော၊ ဘ ထွေး အ ဘိ ဟဲ လ သ မီး ဧ သ တာ သည်၊ အ လှည့် ကျ၍ ဘု ရင် မင်း ထံ ဝင် ရ သော အ ခါ၊ မှန် နန်း တော် အုပ် မိန်း မ စိုး ဟေ ဂဲ စီ ရင် ရာ မှ တ ပါး၊ မည် သည် ကို မျှ မ ယူ ဘဲ။ တွေ့ သ မျှ တို့ ရှေ့ မျက် နှာ ရ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible15 မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင်ထံသို့ ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတစ်ပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် ချစ်တတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 မော်ဒကဲက မိမိသမီးသဖွယ်စောင့်ရှောက်ထားသော မော်ဒကဲ၏ဘထွေးအဘိဟဲလ၏သမီးဧသတာသည် ရှင်ဘုရင်ထံဝင်ရမည့်အလှည့်ရောက်လာ၏။ သူသည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲ အကြံပေးသည့်အတိုင်းသာ သွား၏။ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် သူ့ကို သဘောကျနှစ်သက်ကြ၏။ အခန်းကိုကြည့်ပါ။ |
အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
ထိုနေ့၌ပင်လျှင်ဇေရဇ်မင်းသည်ယုဒ အမျိုးသားတို့၏ရန်သူဟာမန်ပိုင်သည့် အိမ်ရာပစ္စည်းမှန်သမျှကို မိဖုရားဧသတာ အားပေးတော်မူ၏။ ဧသတာကမိမိသည် မော်ဒကဲနှင့်ဆွေမျိုးတော်စပ်ကြောင်းကို မင်းကြီးအားလျှောက်ထားသဖြင့် မော်ဒကဲ သည်ထိုနေ့မှအစပြု၍မင်းကြီး၏ရှေ့ တော်သို့ဝင်ခွင့်ရရှိလေသည်။-
သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။-