ဧသတာ 2:14 - Common Language Bible14 သူသည်ညဥ့်ဦးအချိန်၌နန်းတော်သို့ဝင် ရ၍နောက်တစ်နေ့နံနက်၌ ဘုရင့်မိန်းမစိုး ရှာရှဂါဇအုပ်ချုပ်သည့်မောင်းမတော်ဆောင် သို့ပြန်ရလေသည်။ မင်းကြီးသည်မြတ်နိုး၍ နာမည်အားဖြင့်ခေါ်တော်မမူလျှင် နောက် တစ်ဖန်မင်းကြီးထံသို့မဝင်ရ။ အခန်းကိုကြည့်ပါ။Garrad Bible14 ညဉ့် ဦး အ ချိန် ဝင်၍ နံ နက် အ ချိန် ရောက် သော်၊ ဒု တိ ယ မှန် နန်း ဆောင် တွင်၊ မောင်း မ ကိုယ် လုပ် တော် များ ကို ကြည့် ရှု သူ မိန်း မ စိုး ရှာ ရှ ဂါ ဇ ထံ သို့ ပြန် ရ လေ၏။ ဘု ရင် မင်း အ မြတ် တ နိုး အ မည် ဖြင့် မ ခေါ် လျှင်၊ နောက် တစ် ဖန် အ ထံ တော် သို့ မ ဝင် ရ။ အခန်းကိုကြည့်ပါ။Judson Bible14 ညဉ့်ဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော်မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယမိန်းမနန်းသို့ ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တစ်ဖန် အထံတော်သို့မဝင်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 နေဝင်ချိန်တွင် ရှင်ဘုရင်ထံဝင်၍ နံနက်ရောက်လျှင် ပြန်ထွက်လာပြီး ရံရွှေတော်ထိန်း ဘုရင့်နန်းတွင်းမိန်းမစိုးရှာရှဂါဇအုပ်ထိန်းသော နောက်မောင်းမဆောင်တစ်ခုတွင် နေရ၏။ ရှင်ဘုရင်နှစ်သက်၍ နာမည်နှင့်မခေါ်မချင်း ရှင်ဘုရင်ထံ ထပ်၍မဝင်ရ။ အခန်းကိုကြည့်ပါ။ |
``ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေမင်းကြီး ခေါ်တော်မမူဘဲနန်းတော်အတွင်းတံတိုင်း၊ မင်းကြီးထံတော်သို့ဝင်မိသူသည်သေဒဏ် ခံရမည်ဖြစ်ပါ၏။ ဤကားတရားဥပဒေ အရဖြစ်သဖြင့်ဘုရင့်အကြံပေးအမတ် များမှစ၍ ပြည်နယ်အသီးသီးရှိလူအ ပေါင်းတို့သိကြပါသည်။ ထိုဥပဒေကို ရှောင်ကွင်းနိုင်ရန်လမ်းတစ်လမ်းသာရှိပါ သည်။ အကယ်၍မင်းကြီးကရာဇလှံတံ တော်ကိုကမ်းတော်မူလျှင် ဝင်မိသူအသက် ချမ်းသာရာရပါ၏။ သို့ရာတွင်ကျွန်မ အားမင်းကြီးခေါ်ယူတော်မမူသည်မှာ တစ်လရှိပါပြီ'' ဟုပြန်ကြားလေသည်။