ဧသတာ 2:14 - မြန်မာ့စံမီသမ္မာကျမ်း14 နေဝင်ချိန်တွင် ရှင်ဘုရင်ထံဝင်၍ နံနက်ရောက်လျှင် ပြန်ထွက်လာပြီး ရံရွှေတော်ထိန်း ဘုရင့်နန်းတွင်းမိန်းမစိုးရှာရှဂါဇအုပ်ထိန်းသော နောက်မောင်းမဆောင်တစ်ခုတွင် နေရ၏။ ရှင်ဘုရင်နှစ်သက်၍ နာမည်နှင့်မခေါ်မချင်း ရှင်ဘုရင်ထံ ထပ်၍မဝင်ရ။ အခန်းကိုကြည့်ပါ။Common Language Bible14 သူသည်ညဥ့်ဦးအချိန်၌နန်းတော်သို့ဝင် ရ၍နောက်တစ်နေ့နံနက်၌ ဘုရင့်မိန်းမစိုး ရှာရှဂါဇအုပ်ချုပ်သည့်မောင်းမတော်ဆောင် သို့ပြန်ရလေသည်။ မင်းကြီးသည်မြတ်နိုး၍ နာမည်အားဖြင့်ခေါ်တော်မမူလျှင် နောက် တစ်ဖန်မင်းကြီးထံသို့မဝင်ရ။ အခန်းကိုကြည့်ပါ။Garrad Bible14 ညဉ့် ဦး အ ချိန် ဝင်၍ နံ နက် အ ချိန် ရောက် သော်၊ ဒု တိ ယ မှန် နန်း ဆောင် တွင်၊ မောင်း မ ကိုယ် လုပ် တော် များ ကို ကြည့် ရှု သူ မိန်း မ စိုး ရှာ ရှ ဂါ ဇ ထံ သို့ ပြန် ရ လေ၏။ ဘု ရင် မင်း အ မြတ် တ နိုး အ မည် ဖြင့် မ ခေါ် လျှင်၊ နောက် တစ် ဖန် အ ထံ တော် သို့ မ ဝင် ရ။ အခန်းကိုကြည့်ပါ။Judson Bible14 ညဉ့်ဦးအချိန်၌ဝင်၍ နံနက်အချိန်၌ နန်းတော်မိန်းမစိုး၊ မောင်းမမိဿံအုပ်၊ ရှာရဂါဇစောင့် ဒုတိယမိန်းမနန်းသို့ ပြန်ရ၏။ ရှင်ဘုရင်ချစ်၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တစ်ဖန် အထံတော်သို့မဝင်ရ။ အခန်းကိုကြည့်ပါ။ |
မော်ဒကဲက မိမိသမီးသဖွယ်စောင့်ရှောက်ထားသော မော်ဒကဲ၏ဘထွေးအဘိဟဲလ၏သမီးဧသတာသည် ရှင်ဘုရင်ထံဝင်ရမည့်အလှည့်ရောက်လာ၏။ သူသည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲ အကြံပေးသည့်အတိုင်းသာ သွား၏။ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် သူ့ကို သဘောကျနှစ်သက်ကြ၏။
“ရှင်ဘုရင်က ဆင့်ခေါ်ခြင်းမရှိဘဲ နန်းတွင်းဆောင်ရှိ ရှင်ဘုရင်ထံသို့ ဝင်လာသောသူ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထိုသူအတွက် တစ်ခုတည်းသောအမိန့်မှာ သေဒဏ်ဖြစ်၏။ ရှင်ဘုရင်၏ရွှေရာဇလှံတံကမ်းလှမ်းခြင်းခံရသောသူသာ အသက်ချမ်းသာခွင့်ရ၏။ ဤအမိန့်ကို ရှင်ဘုရင်၏အမှုထမ်းအားလုံးမှစ၍ ရှင်ဘုရင်ပိုင်နယ်မြေဒေသအသီးသီးမှလူတို့ သိကြ၏။ အကျွန်ုပ်သည်လည်း ရှင်ဘုရင်ထံသို့ဝင်ရန်ဆင့်ခေါ်ခြင်းမခံရသည်မှာ ရက်ပေါင်းသုံးဆယ်ရှိပြီ”ဟု ဟာတက်မှတစ်ဆင့် အကြောင်းပြန်လိုက်၏။