Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဇ​ရ 8:25 - Common Language Bible

25 ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​မင်း​ကြီး​နှင့် သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ်​များ၊ အ​ရာ​ရှိ များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပေး လှူ​ကြ​သော​ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင် များ​ကို​ချိန်​တွယ်​၍ ထို​ယဇ်​ပု​ရော​ဟိတ်​တို့ အား​ပေး​အပ်​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ဘု ရား သ ခင့် ဗိ မာန် တော် အ ဖို့၊ ဘု ရင် မင်း၊ မင်း တိုင် ပင်၊ မှူး တော် မတ် တော် တို့ နှင့် တွေ့ သ မျှ ဣ သ ရေ လ လူ မျိုး ကို မြှောက် ဆက် ကြ သော ရွှေ၊ ငွေ၊ အ သုံး အ ဆောင် များ ကို ချိန် တွယ် ပေး အပ် သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ရှင်​ဘု​ရင်​မှ​စ၍ အ​တွင်း​ဝန်၊ မှူး​တော်​မတ်​တော်၊ စည်း​ဝေး​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ငါ​တို့၏​ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့ လှူ​သော​ပူ​ဇော်​သ​ကာ၊ ရွှေ၊ ငွေ၊ တန်​ဆာ​တည်း​ဟူ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​အဖို့ ရှင်ဘုရင်​နှင့် သူ​၏​အတိုင်ပင်ခံ​အမတ်​များ​၊ အကြီးအကဲ​များ​၊ ထို​အရပ်​ရှိ​အစ္စရေး​လူမျိုး​များ​က ပေးလှူ​လိုက်​သော​ရွှေ​ငွေ​နှင့် အသုံးအဆောင်​ပစ္စည်း​တို့​ကို ချိန်တွယ်​ပြီး သူ​တို့​ကို ပေး​လိုက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 8:25
7 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ထို​ဖ​လား​တို့​ကို​ရွှေ​တိုက်​စိုး​မိ​သ​ရေ​ဒတ်​သို့​ပေး​အပ်​၍ မိ​သ​ရေ​ဒတ်​သည်​ယင်း​တို့​ကို​ယု​ဒ​ဘု​ရင်​ခံ​ရှေ​ရှ​ဗာ​ဇာ​သို့၊-


ဤ​တည်​ဆောက်​မှု​ဖြစ်​မြောက်​ရေး​အ​တွက် သူ​တို့​သည်​တတ်​နိုင်​သ​မျှ​အ​တိုင်း ရွှေ​တစ်​ထောင့်​သုံး​ဆယ်​ပေါင်၊ ငွေ​ငါး​ထောင်​ခု​နစ်​ရာ​လေး​ဆယ်​ပေါင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဝတ်​စုံ​တစ်​ရာ​တို့​ကို​လှူ​ကြ​၏။


ထို​နောက်​စ​တုတ္ထ​နေ့​၌​ဗိ​မာန်​တော်​သို့​သွား​၍ ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင်​များ​ကို​ချိန်​တွယ် ကာ ဥ​ရိ​ယ​၏​သား​ယဇ်​ပု​ရော​ဟိတ်​မေ​ရ​မုတ် လက်​သို့​ပေး​အပ်​ကြ​၏။ သူ​နှင့်​အ​တူ​ဖိ​န​ဟတ် ၏​သား ဧ​လာ​ဇာ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​နှစ်​ဦး ဖြစ်​ကြ​သော ယော​ရှု​၏​သား​ယော​ဇ​ဗဒ်​နှင့် ဗိ​နွိ​၏​သား​နော​ဒိ​တို့​လည်း​ရှိ​ကြ​၏။-


ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပြော​ရ လျှင် သင်​တို့​သည်​မှန်​ကန်​သော​အ​ရာ၊ မွန်​မြတ် သော​အ​ရာ၊ လျောက်​ပတ်​သော​အ​ရာ၊ ဖြူ​စင် သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​သ​ရေ ရှိ​သော​အ​ရာ​တည်း​ဟူ​သော​ကောင်း​မြတ်​၍ ချီး​မွမ်း​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ