Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 43:17 - Common Language Bible

17 ကိုယ်​တော်​သည်​ရ​ထား​တပ်၊ မြင်း​တပ်​များ​နှင့် အင်​အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ချေ​တို့​ကို ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​၏။ သူ​တို့​သည်​ငြိမ်း​သတ်​လိုက်​သည့် ဖ​ယောင်း​တိုင်​မီး​သ​ဖွယ်​န​လံ​မ​ထူ​နိုင်​အောင် ပြို​လဲ​၍​သွား​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ရ​ထား​များ၊ မြင်း​များ​နှင့်​တ​ကွ၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​တို့​ကို ဆောင်​ခဲ့​တော်​မူ​ထ​သော၊ သူ​တို့​ကို မ​ထ​နိုင်​အောင် တစ်​ပြိုင်​နက်​တည်း အိပ်​စေ၍၊ မီး​စာ​သေ​သ​ကဲ့​သို့၊ ငြိမ်း​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ရထား​နှင့် မြင်း​၊ စစ်သည်​နှင့်​အင်အားကြီးမား​သော​သူ​တို့​ကို ထုတ်ဆောင်​၍ သူ​တို့​ကို မ​ထ​နိုင်​အောင် အတူတကွ​လဲ​စေ​ပြီး မီးစာ​ကို​ငြှိမ်း​သကဲ့သို့ ငြိမ်း​သွား​စေ​တော်မူ​သော ထာဝရဘုရား​က

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 43:17
16 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ပျား​များ​ကဲ့​သို့​ငါ့​ထံ​သို့ ဝိုင်း​အုံ​၍ လာ​ကြ​သော်​လည်း ဆူး​ချုံ​ကို​လောင်​သော​မီး​ကဲ့​သို့​လျင်​မြန်​စွာ ချုပ်​ငြိမ်း​၍​သွား​ကြ​၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​အား​ဖြင့် သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိုက်​၏။


ဖာ​ရော​ဘု​ရင်​၏​မြင်း​တပ်​နှင့်​ရ​ထား​တပ်​တို့ သည် ပင်​လယ်​ထဲ​သို့​ဆင်း​သက်​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​ကို​ပြန်​စီး​စေ​သ​ဖြင့် ရေ​သည်​သူ​တို့​ကို​ဖုံး​လွှမ်း​လေ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မူ​ကား ခြောက်​သွေ့​သော​မြေ ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​သွား ကြ​၏။


``ကိုယ်​တော်​သည်​အီ​ဂျစ်​ဘု​ရင်​၏​ရ​ထား တပ်​နှင့် စစ်​တပ်​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​၏။ သူ​၏​လက်​ရွေး​စင်​စစ်​ဗိုလ်​တို့​သည်​ပင်​လယ် နီ​ထဲ​၌ ရေ​နစ်​သေ​ဆုံး​ကုန်​၏။


သစ်​ခြောက်​သည်​မီး​ပွား​ကြောင့်​မီး​စွဲ​လောင်​ရ​သည်​နည်း​တူ​တန်​ခိုး​ကြီး​မား​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ယင်း​သို့​ဆုံး​ပါး​ပျက်​စီး​မှု​ကို​လည်း​အ​ဘယ်​သူ​မျှ​ဆီး​တား​၍​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မြွက်​ဆို​လေ​သည်။


မြင်း​နှင့်​မြင်း​စီး​သူ​ရဲ​များ​ကို​လည်း​ကောင်း၊ ရ​ထား​နှင့်​ရ​ထား​ထိန်း​များ​ကို​လည်း​ကောင်း က​စဥ့်​က​လျား​ဖြစ်​စေ​ခဲ့​၏။


ငါ​သည်​သူ့​အား​လှည့်​စေ​၍​သူ​၏​ပါး​ရိုး​ကို သံ​ချိတ်​များ​ဖြင့်​ချိတ်​ကာ သူ​၏​စစ်​သူ​ရဲ များ​နှင့်​အ​တူ​ဆွဲ​ခေါ်​သွား​မည်။ သူ​၏​တပ် မ​တော်​သည်​မြင်း​များ၊ ဝတ်​စုံ​တူ​မြင်း​စီး သူ​ရဲ​များ​ဖြင့်​ပြည့်​စုံ​၍​အ​လွန်​ပင်​ကြီး မား​၏။ စစ်​သူ​ရဲ​မှန်​သ​မျှ​သည်​လည်း​ဒိုင်း လွှား​ကြီး​ငယ်​နှင့်​ဋ္ဌား​ကို​ကိုင်​ဆောင်​ထား ကြ​၏။-


သူ​သည်​ကွေ့​ကောက်​လျက်​ရှိ​သော​ကူ​ပင်​ကို​မ​ချိုး၊ မီး​မ​တောက်​ဘဲ​တ​ငွေ့​ငွေ့​လောင်​နေ​သော မီး​စာ​ကို​မ​ငြိမ်း​သတ်။ သူ​သည်​တ​ရား​မျှ​တ​မှု​စိုး​မိုး​လာ​သည်​တိုင်​အောင် လုပ်​ဆောင်​လိမ့်​မည်။


ဗာ​ရက်​သည်​လည်း​သူ​၏​ရ​ထား​များ​နှင့်​တပ် သား​တို့​ကို လူ​မျိုး​ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက် မြို့​သို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ရာ သိ​သ​ရ ၏​တပ်​သား​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် သေ​ဆုံး​ကြ​ကုန်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ