ဟေရှာယ 43:18 - Common Language Bible18 သို့ရာတွင်ထာဝရဘုရားက ``အတိတ်ကအဖြစ်အပျက်များကိုစွဲလန်း၍ မနေကြနှင့်။ ရှေးအခါကဖြစ်ပျက်ခဲ့သည့်အမှုအရာများ အကြောင်းကိုပြောဆို၍မနေကြနှင့်။ အခန်းကိုကြည့်ပါ။Garrad Bible18 အ တိတ် ကာ လ ဖြစ် ဖူး သော အ မှု ဟောင်း များ ကို အ မှတ် မ ပြု၊ ဂ ရု မ စိုက် ကြ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible18 ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 “ယခင်က ဖြစ်ပျက်ခဲ့သောအရာတို့ကို မအောက်မေ့ကြနှင့်။ လွန်ခဲ့ပြီးသောအရာတို့ကို မစဉ်းစားကြနှင့်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏အစေခံယာကုပ်၏သား မြေးတို့၊ ဘုရားသခင်ရွေးကောက်တော်မူသော ဣသရေလ၏သားမြေးတို့၊ ကိုယ်တော်ပြတော်မူသည့်ကြီးမြတ်အံ့သြဖွယ် ကောင်းသောနိမိတ်လက္ခဏာတို့ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရား စီရင်ချက်တို့ကိုလည်းကောင်း အောက်မေ့သတိရကြလော့။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-