ဟေရှာယ 43:16 - Common Language Bible16 ရှေးအခါက၊ထာဝရဘုရားသည်ပင်လယ် ဝဲသြဃကို ဖြတ်၍လမ်းဖောက်တော်မူခဲ့၏။ အခန်းကိုကြည့်ပါ။Garrad Bible16-17 အား ကြီး သော သ မု ဒ္ဒ ရာ၌ လမ်း ခ ရီး ကို ပြု ပြင် တော် မူ ထ သော၊ ရ ထား တပ် မြင်း တပ် နှင့် တ ကွ၊ ဗိုလ် ထု အ လုံး အ ရင်း ကို ထုတ် ဆောင် ပြီး လျှင်၊ မ ထ နိုင် အောင် တစ် ပြိုင် နက် ဖြို လှဲ တော် မူ ထ သော၊ ကုန် ဆုံး စေ ၍ မီး စာ ကဲ့ သို့ ငြိမ်း သတ် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ အခန်းကိုကြည့်ပါ။Judson Bible16 ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ပင်လယ်ပြင်၌ လမ်းမကိုလည်းကောင်း၊ လှိုင်းထန်သောရေပြင်၌ လမ်းကိုလည်းကောင်း ဖြစ်စေတော်မူသော၊ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။
ထာဝရဘုရားသည်နေ့အခါအလင်းရောင် ပေးရန် နေကိုလည်းကောင်း၊ ညဥ့်အခါထွန်းလင်းစေရန်လနှင့်ကြယ်များ ကိုလည်းကောင်းစီရင်တော်မူ၏။ ကိုယ်တော်သည်ပင်လယ်ကိုမွှေနှောက်၍လှိုင်း များကို မြည်ဟည်းစေတော်မူ၏။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုး ရှင် ထာဝရဘုရားဟူ၍ဖြစ်သတည်း။
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။