Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 9:38 - Common Language Bible

38 ထို​အ​ခါ​ဇေ​ဗု​လ​က``သင်​၏​လေ​လုံး​ကြီး သ​မျှ​သည် ယ​ခု​အ​ဘယ်​သို့​ရောက်​ရှိ​သွား​ပြီ နည်း။ ဤ​သူ​အဘိ​မလက်​၏​အ​စေ​ကို ငါ​တို့ အ​ဘယ်​ကြောင့်​ခံ​ပါ​မည်​နည်း​ဟု​ပြော​ဆို​ခဲ့ သူ​မှာ​သင်​ပင်​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​သည် ကား သင်​မ​ထီ​မဲ့​မြင်​ပြော​ဆို​ခဲ့​သူ​များ​ဖြစ် သည်။ ယ​ခု​သင်​ထွက်​၍​သူ​တို့​အား​တိုက်​ခိုက် ပါ​လော့'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 ဇေ ဗု လ က၊ သူ့ လက် အောက်၌ ငါ တို့ ကျွန် ခံ နိုင် ရန် အ ဘိ မ လက် ကား မည် သူ နည်း ဟူ၍ ကြွား ဝါ သော နှုတ် သည် ယ ခု အ ဘယ် မှာ နည်း။ ထို လူ တို့ သည် သင် မ ထီ လေး စား ပြု သော သူ တို့ ပင် မ ဟုတ် လော။ ထွက်၍ စစ် ပြိုင် လော့ ဟု ဆို လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 ဇေ​ဗု​လ​က၊ ငါ​တို့​သည် အ​ဘိ​မ​လက်​အ​မှု​ကို ထမ်း​ရ​မည်​အ​ကြောင်း၊ အ​ဘိ​မ​လက်​သည် အ​ဘယ်​သူ​နည်း​ဟု သင်​ဆို​သော​နှုတ်​သည် ယ​ခု​အ​ဘယ်​မှာ ရှိ​သ​နည်း။ ထို​လူ​တို့​သည် သင်​မ​ထီ​မဲ့​မြင်​ပြု​သော သူ​မ​ဟုတ်​လော။ ထွက်၍ သူ​တို့​ကို စစ်​တိုက်​ပါ​လော့​ဟု ဆို​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 ထိုအခါ ဇေဗုလ​က ဂါလ​အား “​သင်​က ‘​ငါ​တို့​သည် အဘိမလက်​ကို​အစေခံ​ရ​မည့်​အကြောင်း သူ​ကား မည်သူ​နည်း​’​ဟု ပြော​ခဲ့​သည်​မှာ ယခု မည်သို့ ဖြစ်​ပြီ​နည်း​။ သင်​သည် ထို​သူ​တို့​ကို မထီမဲ့မြင်ပြု​ခဲ့​သည်​မ​ဟုတ်​လော​။ ယခု​သူ့​ကို ထွက်​တိုက်​ပါ​လော့​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 9:38
7 ပူးပေါင်းရင်းမြစ်များ  

``မိ​မိ​တို့​အ​တွက်​သင်​တို့​ပြု​လုပ်​ထား​သည့် ဘု​ရား​များ​ကား​အ​ဘယ်​မှာ​နည်း။ သင်​တို့​ဒုက္ခ ရောက်​ချိန်​ထို​ဘု​ရား​များ​ကယ်​နိုင်​လျှင်​ကယ် စေ​ကြ​လော့။ အို ယု​ဒ​ပြည်၊ သင်​၏​မြို့​တို့​သည် များ​ပြား​သ​ကဲ့​သို့ သင်​ပြု​လုပ်​သော​ဘု​ရား တို့​သည်​လည်း​များ​ပြား​လှ​ပါ​သည်​တ​ကား။-


ဂါလ​က​လည်း``ကြည့်​လော့၊ တောင်​ထိပ်​ပေါ်​မှ​လူ များ​ဆင်း​လာ​နေ​ကြ​၏။ လူ​တစ်​စု​သည်​ဗေ​ဒင် ဆ​ရာ​သ​ပိတ်​ပင်​မှ​လာ​သော​လမ်း​ဖြင့်​လာ နေ​ကြ​၏'' ဟု​ဆို​ပြန်​၏။


ဂါ​လ​သည်​ရှေ​ခင်​မြို့​သား​တို့​ကို​ရှေ့​ဆောင်​၍ အ​ဘိ​မ​လက်​အား​တိုက်​လေ​သည်။ အ​ဘိ​မ​လက် သည်​ဂါ​လ​ကို​လိုက်​၍​တိုက်​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​သဗ္ဗ​ညု​တ​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​၍၊ လူ​တို့​ပြု​သော​အ​မှု​ရှိ​သ​မျှ​ကို​စစ်​ဆေး စီ​ရင်​တော်​မူ​သည်​ဖြစ်​ရာ၊ သင်​တို့​သည်​ကျယ်​လောင်​စွာ​ကြွား​ဝါ​မှု​ကို မ​ပြု​ကြ​နှင့်။ မောက်​မာ​သော​စ​ကား​ကို​နှုတ်​မှ​မ​ထွက်​စေ​နှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ