Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 18:19 - Common Language Bible

19 သူ​တို့​က​လည်း``ဆိတ်​ဆိတ်​နေ​လော့။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​နှင့်။ သင်​သည်​ငါ​တို့​နှင့် အ​တူ​လိုက်​၍​ငါ​တို့​အား​အ​ကြံ​ပေး​သူ အ​ဖြစ်​ဆောင်​ရွက်​ပါ​လော့။ လူ​တစ်​ယောက် ၏​အိမ်​ထောင်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​ပြု ရ​ခြင်း​ထက် ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တစ် ခု​လုံး​အ​တွက်​ပြု​ရ​ခြင်း​က​သင့်​အ​ဖို့ ပို​၍​ကောင်း​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထို သူ တို့ က၊ လက် ဖြင့် နှုတ် ကို ဖုံး အုပ် လျက် တိတ် ဆိတ် စွာ နေ လော့။ ကျွန်ုပ် တို့ နှင့် အ ဘ အ ဖြစ် ပ ရော ဟိတ် အ ဖြစ် လိုက် ပါ လော့။ တစ် ဦး တစ် အိမ် တည်း ၌ သာ ပ ရော ဟိတ် ပြု သင့် သ လော။ ဣ သ ရေ လ လူ မျိုး အ နက် တစ် ဆက် တစ် နွယ် လုံး၌ ပြု သင့် သ လော ဟု မေး ဆို ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သူ​တို့​က တိတ်​ဆိတ်​စွာ​နေ​ပါ။ ကိုယ်​တော်​နှုတ်​ကို လက်​နှင့်​ပိတ်၍ အ​ကျွန်ုပ်​တို့​နှင့် ကြွ​ပါ။ အ​ကျွန်ုပ်​တို့​အ​ဘ လုပ်​ပါ။ ယဇ်​ပု​ရော​ဟိတ် လုပ်​ပါ။ တစ်​အိမ်​ထောင်၌​သာ ယဇ်​ပု​ရော​ဟိတ် လုပ်​ကောင်း​သ​လော။ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် တစ်​မျိုး​တစ်​နွယ်​လုံး၌ ယဇ်​ပု​ရော​ဟိတ် မ​လုပ်​ကောင်း​သ​လော​ဟု ဆို​ကြ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထို​သူ​တို့​က​လည်း “​သင့်​လက်​ဖြင့် ပါးစပ်​ကို​ပိတ်​ပြီး တိတ်တိတ်နေ​လော့​။ အကျွန်ုပ်​တို့​နှင့်အတူ​လိုက်​ခဲ့​၍ အကျွန်ုပ်​တို့​၏​အဖ​၊ အကျွန်ုပ်​တို့​၏​ယဇ်ပုရောဟိတ်​အဖြစ်​နေ​ပါ​။ သင်​သည် မိသားစု​တစ်​စု​အတွက် ယဇ်ပုရောဟိတ်​လုပ်ပေး​ခြင်း​ထက် အစ္စရေး​လူမျိုး​ထဲမှ အမျိုးအနွယ်​၊ အစ္စရေး​လူမျိုး​ထဲမှ မျိုးနွယ်စု​အတွက် ယဇ်ပုရောဟိတ်​လုပ်ပေး​ခြင်း​က ပိုကောင်း​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား မေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 18:19
12 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဝေဒ​နာ​စွဲ​၍​နေ​၏။ သူ သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျက်​သေ​အံ့​ဆဲ​ဆဲ ဖြစ်​နေ​ချိန်​၌ ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် သူ့​အား​ကြည့်​ရှု​ရန်​လာ​ရောက်​ပြီး​လျှင်``အ ကျွန်ုပ်​၏​အ​ဖ၊ အ​ကျွန်ုပ်​၏​အ​ဖ၊ အ​ရှင်​သည် ကြီး​မား​သော​တန်​ခိုး​စွမ်း​အင်​ဖြင့် ဣ​သ​ရေ​လ ပြည်​ကို​ကာ​ကွယ်​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု ငို​ကြွေး​၏။


ဣသ​ရေ​လ​ဘု​ရင်​သည်​ရှ​ရိ​အ​မျိုး​သား​တို့ ကို​တွေ့​သော​အ​ခါ ဧ​လိ​ရှဲ​အား``အ​ရှင်၊ သူ​တို့ အား​သတ်​ရ​ပါ​မည်​လော။ သူ​တို့​အား​သတ်​ရ ပါ​မည်​လော'' ဟု​မေး​တော်​မူ​၏။


ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော။


မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ၏။


သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။


နိုင်​ငံ​တ​ကာ​တို့​သည်​အင်​အား​ကြီး​သော် လည်း ထို​အ​မှု​အ​ရာ​များ​ကို​မြင်​၍​ကြောက် ရွံ့​ထိတ်​လန့်​ကြ​သ​ဖြင့် မိ​မိ​တို့​၏​ပါး​စပ် နှင့်​နား​များ​ကို​ပိတ်​ထား​ကြ​လိမ့်​မည်။-


ဤ​လော​က​တွင်​အ​ဘယ်​သူ​ကို​မျှ `အဖ' ဟု​မ​ခေါ် ကြ​နှင့်။ သင်​တို့​တွင်​ကောင်း​ကင်​ဘုံ​ရှင်​အ​ဖ​တစ်​ပါး တည်း​သာ​ရှိ​၏။-


မိက္ခာ​က​လည်း``အ​ကျွန်ုပ်​နှင့်​အ​တူ​နေ​ပါ​လော့။ အ​ကျွန်ုပ်​အား​အ​ကြံ​ဉာဏ်​ပေး​သူ၊ အ​ကျွန်ုပ်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​နေ​ပါ​လော့။ သင့် အား​တစ်​နှစ်​လျှင်​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ဝတ်​စုံ ကို​လည်း​ကောင်း၊ အ​စား​အ​စာ​ကို​လည်း​ကောင်း အ​ကျွန်ုပ်​ထောက်​ပံ့​ပါ​မည်'' ဟု​ဆို​လေ​သော်၊-


မိက္ခာ​၏​အိမ်​သို့​ထို​သူ​တို့​ဝင်​၍​ရုပ်​တု​များ နှင့် သင်​တိုင်း​တော်​တို့​ကို​ယူ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​က​သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။


ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်​လွန်​စွာ ဝမ်း​မြောက်​သ​ဖြင့် ရုပ်​တု​များ​နှင့်​သင်​တိုင်း တော်​တို့​ကို​ယူ​၍​ထို​လူ​စု​နှင့်​အ​တူ လိုက်​သွား​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ