Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 18:18 - Common Language Bible

18 မိက္ခာ​၏​အိမ်​သို့​ထို​သူ​တို့​ဝင်​၍​ရုပ်​တု​များ နှင့် သင်​တိုင်း​တော်​တို့​ကို​ယူ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​က​သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ထို လူ ငါး ယောက် တို့ သည် မိ က္ခာ အိမ် သို့ ဝင်၍ ဧ ဖုဒ် အ ရုပ်၊ တေ ရပ် အ ရုပ်၊ သွန်း ထု ပြီး ရုပ် ပွား ဆင်း တု များ ကို ခိုး ယူ ကြ လျှင်၊ မည် သို့ ပြု လုပ် ကြ သ နည်း ဟု ပ ရော ဟိတ် မေး သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထု​သော​ရုပ်​တု၊ သင်​တိုင်း​တော်၊ တေ​ရပ်​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​တို့​ကို ယဇ်​ပု​ရော​ဟိတ်​ရှေ့​မှာ ယူ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​က​လည်း၊ အ​ဘယ်​သို့​ပြု​ကြ​သ​နည်း​ဟု မေး​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို​သူ​တို့​သည် မိက္ခာ​၏​အိမ်​ထဲသို့​ဝင်​၍ ထွင်းထု​ထား​သော​ရုပ်တု​၊ ဧဖုဒ်​ရုပ်တု​၊ တေရပ်ရုပ်တု​များ​နှင့်​သွန်းလုပ်​ထား​သော​ရုပ်တု​တို့​ကို ယူ​ကြ​သဖြင့် ယဇ်ပုရောဟိတ်​က သူ​တို့​အား “​သင်​တို့ ဘာ​လုပ်​နေ​ကြ​သနည်း​”​ဟု မေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 18:18
5 ပူးပေါင်းရင်းမြစ်များ  

ထို​ရုပ်​တု​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​မ​ကယ် နိုင်​ကြ။ သူ​တို့​သည်​ဖမ်း​ဆီး​သိမ်း​ယူ​ခြင်း​ကို ခံ​ရ​ကြ​တော့​၏။ ဤ​ကား​ဗာ​ဗု​လုန်​ဘု​ရား​တို့​၏​ဇာတ်​သိမ်း​ခန်း ပင်​တည်း။


ဗာ​ဗု​လုန်​မင်း​သည်​လမ်း​ဆုံ၊ လမ်း​ဝ​သို့​ရောက် သော​အ​ခါ ရပ်​၍​အ​ဘယ်​လမ်း​ကို​လိုက်​ရ​မည် ကို​သိ​နိုင်​ရန်​မြား​တို့​ကို​လှုပ်​၍​မဲ​ချ​၏။ သူ ၏​ရုပ်တု​တို့​ကို​မေး​မြန်း​၏။ တိ​ရစ္ဆာန်​အ​သည်း ကို​လည်း​ကြည့်​၏။-


ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ရုပ်​တု​များ၊ ကျောက်​တိုင်​များ၊ ကျောက်​ရုပ်​များ​ကို​ထု​လုပ် ၍​မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။-


ထောက်​လှမ်း​ရန်​သွား​ရောက်​ခဲ့​သော​လူ​ငါး ယောက်​တို့​သည် အိမ်​ထဲ​သို့​ဝင်​၍​ငွေ​ဖြင့်​မွမ်း မံ​ထား​သည့်​ရုပ်တု​နှင့်​အ​ခြား​ရုပ်​တု​များ​ကို လည်း​ကောင်း၊ သင်​တိုင်း​တော်​ကို​လည်း​ကောင်း​ယူ ကြ​၏။ ထို​အ​ချိန်​၌​ယဇ်​ပု​ရော​ဟိတ်​သည်​စစ် သား​ခြောက်​ရာ​နှင့်​အ​တူ​ဝင်း​တံ​ခါး​ဝ​တွင် ရှိ​သ​တည်း။


သူ​တို့​က​လည်း``ဆိတ်​ဆိတ်​နေ​လော့။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​နှင့်။ သင်​သည်​ငါ​တို့​နှင့် အ​တူ​လိုက်​၍​ငါ​တို့​အား​အ​ကြံ​ပေး​သူ အ​ဖြစ်​ဆောင်​ရွက်​ပါ​လော့။ လူ​တစ်​ယောက် ၏​အိမ်​ထောင်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​ပြု ရ​ခြင်း​ထက် ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တစ် ခု​လုံး​အ​တွက်​ပြု​ရ​ခြင်း​က​သင့်​အ​ဖို့ ပို​၍​ကောင်း​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ