Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 20:17 - Common Language Bible

17 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နှ​မ​အ​ရင်း​သို့​မ​ဟုတ်​ဖ​အေ​တူ​မ​အေ​ကွဲ​နှ​မ​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​ကို​လူ​ထု​ရှေ့​မှောက်​တွင်​ရှုတ်​ချ​၍ ဣ​သ​ရေ​လ​အ​မျိုး​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​နှ​မ​နှင့်​ကာ​မ​စပ်​ယှက်​သော​ကြောင့်​အ​ပြစ်​ကို​ခံ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 လူ တစ် ဦး တစ် ယောက် သည် အ ဘ ပါ သ မီး သော် လည်း ကောင်း၊ အ မိ ပါ သ မီး သော် လည်း ကောင်း၊ နှ မ ကို သိမ်း ယူ ၍ ဆက် ဆံ လျှင် ရှက် ကြောက် ဖွယ် မှု ဖြစ် သော ကြောင့် အ မျိုး သား တို့ မျက် မှောက် တွင် ပင် ပယ် ရှား ခံ ကြ စေ။ ကိုယ့် နှ မ နှင့် ဆက် ဆံ သည့် အ လျောက် ဒု စ ရိုက် ဝန် ကို ထမ်း ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ယောက်ျား​သည် အ​ဘ၏​သ​မီး၊ အ​မိ၏​သ​မီး​ဖြစ်​သော မိ​မိ​နှ​မ​နှင့်​သင့်​နေ​လျှင်၊ မ​တ​ရား​သော​အ​မှု​ဖြစ်၏။ ထို​သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​ရှေ့​မှောက်၌ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။ ထို​ယောက်ျား​သည် နှ​မ​နှင့်​သင့်​နေ​သော​ကြောင့်၊ မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 တစ်စုံတစ်ယောက်​သည် မိမိ​ဖခင်​၏​သမီး​၊ သို့မဟုတ် မိမိ​မိခင်​၏​သမီး​ဖြစ်​သည့် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​ကို​ယူ​၍ ဆက်ဆံ​ခြင်း​ကို​ပြု​လျှင် ထို​အမှု​သည် ရှက်ဖွယ်​သော​အမှု​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သူ​သည် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​ပြု​သောကြောင့် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 20:17
8 ပူးပေါင်းရင်းမြစ်များ  

စင်​စစ်​အား​ဖြင့်​သူ​သည်​ကျွန်ုပ်​၏​နှ​မ​ဖြစ်​ပါ​၏။ သူ​သည်​ကျွန်ုပ်​နှင့်​ဖ​အေ​တူ၊ မ​အေ​ကွဲ​နှ​မ​ဖြစ် သည့်​အ​ပြင်​ကျွန်ုပ်​၏​မ​ယား​လည်း​ဖြစ်​ပါ​သည်။-


တာ​မာ​က``ဤ​ယုတ်​မာ​မှု​ကို​မ​ပြု​ပါ​နှင့်။ ဤ အ​မှု​သည်​ရွံ​ရှာ​စက်​ဆုတ်​ဖွယ်​ကောင်း​ပါ​၏။-


မည်​သူ​မ​ဆို​ထို​ဆီ​နှင့်​တူ​သော​ဆီ​ကို​ဖော် စပ်​လျှင်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ အ​ပေါ်​သို့​ထို​ဆီ​ကို​လောင်း​လျှင်​ဖြစ်​စေ၊ ငါ ၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်​ဟု​မိန့် တော်​မူ​၏။


သင့်​အ​ထဲ​၌​အ​ချို့​သော​သူ​တို့​သည်​သူ တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မိ​မိ​တို့​၏ ချွေး​မ​များ​ကို​သော်​လည်း​ကောင်း၊ အ​ဖေ​တူ အ​မေ​ကွဲ​နှ​မ​များ​ကို​သော်​လည်း​ကောင်း ဖြား​ယောင်း​ပြစ်​မှား​ကြ​၏။-


နှ​မ​အ​ရင်း​နှင့်​သော်​လည်း​ကောင်း၊ တစ်​အိမ် တည်း​သို့​မ​ဟုတ် အိမ်​ခွဲ​၍​ကြီး​ပြင်း​လာ​သော ဖ​အေ​ပါ၊ မ​အေ​ပါ​သ​မီး​နှင့်​သော်​လည်း ကောင်း ကာ​မ​စပ်​ယှက်​ခြင်း​မပြု​ရ။-


မိန်း​မ​တစ်​ဦး​သည်​တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် ထို​မိန်း​မ​နှင့်​တ​ကွ​တိ​ရစ္ဆာန်​ကို​လည်း​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။


ခင်​ပွန်း​သည်​ပြစ်​မှု​ကင်း​စေ​ရ​မည်။ သို့​ရာ တွင်​ဇ​နီး​သည်​ပြစ်​မှု​ကူး​လွန်​လျှင် အ​ပြစ် အ​လျောက်​ဒဏ်​ခံ​စေ​ရ​မည်။


`` `မောင်​နှ​မ​ချင်း​နှင့်​ဖြစ်​စေ၊ မိ​တူ​ဖ​ကွဲ​မောင်​နှ မ​ချင်း​နှင့်​ဖြစ်​စေ၊ ဖ​တူ​မိ​ကွဲ​မောင်​နှ​မ​ချင်း နှင့်​ဖြစ်​စေ၊ ကာ​မ​စပ်​ယှက်​သူ​သည် ဘု​ရား​သ​ခင် ၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ