Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 14:61 - Common Language Bible

61 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဆိတ်​ဆိတ်​နေ​တော်​မူ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍​ပြော​တော်​မ​မူ။ တစ် ဖန်​ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​မင်္ဂ​လာ​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​၏​သား​တော်​မေ​ရှိ​ယ လော'' ဟု​မေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

61 ယေ ရှု သည် တစ် ခွန်း တစ် ပါ ဒ မျှ မ ထု ချေ ဘဲ ဆိတ် ဆိတ် နေ တော် မူ၏။ တစ် ဖန် ပ ရော ဟိတ် မင်း က သင် သည် ထော မ နာ ခံ ထိုက် ရာ အ ရှင်၏ သား တော် တည်း ဟူ သော ခ ရစ် တော် လော ဟု မေး ပြန် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

61 ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​ပြန်​ပြော​တော်​မ​မူ​ဘဲ တိတ်​ဆိတ်​စွာ​နေ၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော မင်္ဂ​လာ​ရှိ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သ​လော​ဟု မေး​ပြန်​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

61 သို့သော် ကိုယ်တော်​သည် တစ်ခွန်းမျှ​မ​ဖြေကြား​ဘဲ တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ တစ်ဖန် ယဇ်ပုရောဟိတ်​မင်း​က “သင်​သည် မင်္ဂလာရှိ​သော​အရှင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​သလော”​ဟု မေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

61 သို့ရာတွင် ယေရှု​သည် မေးခွန်း​ကို ဖြေတော်မမူဘဲ တိတ်ဆိတ်​စွာ နေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်း​က “သင်​သည် မင်္ဂလာ​ရှိသော ဘုရားသခင်​၏​သားတော် ခရစ်တော်​ဖြစ်သလော” ဟု ယေရှု​အား မေးလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

61 ကိုယ်​တော်​သည် တစ်​ခွန်း​မျှ​ပြန်​ပြော​တော်​မ​မူ​ဘဲ တိတ်​ဆိတ်​စွာ​နေ၏။ တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော မင်္ဂ​လာ​ရှိ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သ​လော​ဟု မေး​ပြန်​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 14:61
30 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​မား​ကို​သွန်​သင်​တော်​မူ​ပါ။


မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို ငါ​ကြေ​ငြာ​မည်။ ကိုယ်​တော်​က​ငါ့​အား`သင်​သည်​ငါ​၏​သား ဖြစ်​၏။ ယ​နေ့​ပင်​လျှင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ ပြီ။


ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား ဤ​သို့​ဝေ​ဒ​နာ​ခံ​စေ​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​ပါ​မည်။ စ​ကား​တစ်​ခွန်း​မျှ​ပြော​မည်​မ​ဟုတ်​ပါ။


``သူ​သည်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ခံ​ရ​သော်​လည်း သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။ သတ်​ရန်​ယူ​ဆောင်​သွား​သည့်​သိုး​သ​ငယ် ကဲ့​သို့​လည်း​ကောင်း၊ အ​မွေး​ညှပ်​ခံ​ရ​အံ့​ဆဲ​ဆဲ​ဖြစ်​သော သိုး​ကဲ့​သို့​လည်း​ကောင်း၊ သူ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော။


ပေ​တ​ရု​က ``အ​ရှင်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော​ခ​ရစ် တော်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။


ထို​နောက် ``ဤ​သူ​ကား​ငါ​၏​ချစ်​သား​ဖြစ်​၏။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏'' ဟု​ကောင်း​ကင်​မှ အ​သံ​တော်​ပေါ်​ထွက်​လာ​၏။


ထို​သူ​တို့​က ``ဘု​ရား​သ​ခင်​၏​သား​တော်၊ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ သ​နည်း။ အ​ချိန်​မ​ကျ​မီ​အ​ကျွန်ုပ်​တို့​အား​ဒဏ် ခတ်​ရန်​ဤ​အ​ရပ်​သို့​ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။


ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လူ​ပ​ရိ​သတ်​တို့​အ​လယ် တွင်​ရပ်​လျက် သ​ခင်​ယေ​ရှု​အား ``ထို​သူ​တို့​သင့်​အား စွပ်​စွဲ​ပြော​ဆို​နေ​ကြ​သည်​ကို သင်​သည်​မည်​သို့​မျှ မ​ဖြေ​ဘဲ​နေ​သ​လော'' ဟု​မေး​၏။-


ပိ​လတ်​မင်း​က ``သင်​သည်​ယု​ဒ​ရှင်​ဘု​ရင်​မှန် သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။ ကိုယ်​တော်​က ``မင်း​ကြီး​မေး​သည့်​အ​တိုင်း​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။


ဤ​သို့​မိန့်​တော်​မူ​သည်​အ​တိုင်း​ငါ​တွေ့​မြင်​ရ​ပြီ ဖြစ်​၍ ဤ​သူ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ကို​ငါ​သက်​သေ​ခံ​၏'' ဟု​ဆို​၏။


ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် ``သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင်​အ​ကျွန်ုပ်​တို့ အား​စိတ်​ဒွိ​ဟ​ဖြစ်​စေ​ပါ​မည်​နည်း။ အ​ကယ်​၍ သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​လျှင် အ​ကျွန်ုပ်​တို့​အား အ​တည့်​အ​လင်း​ပြော​ပါ​လော့'' ဟု​ဆို​ကြ​၏။


ခ​မည်း​တော်​သည်​ငါ့​ကို​ရွေး​ချယ်​၍ ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍ `ငါ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​သော​အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သည်​ဟု​အ​ဘယ်​သို့​လျှင်​သင်​တို့​ဆို နိုင်​ကြ​သ​နည်း။-


ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​သင်​သည်​ရှင် ဘု​ရင်​လော'' ဟု​မေး​၏။ သ​ခင်​ယေ​ရှု​က ``ငါ​သည်​သင်​ဆို​သည့်​အ​တိုင်း ရှင်​ဘု​ရင်​ဖြစ်​၏။ ငါ​သည်​သမ္မာ​တ​ရား​ကို​ဟော ပြော​ခြင်း​ငှာ​မွေး​ဖွား​ခြင်း​ကို​ခံ​၍​ဤ​လော​က သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​သက်​ဆိုင်​သူ​မှန် သ​မျှ​သည် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​သည်'' ဟု​မိန့်​တော်​မူ​၏။-


လူ​ထု​က ``ထို​သူ​သည်​မိမိ​ကိုယ်​ကို​ဘု​ရား သ​ခင်​၏​သား​တော်​ဟု​ဆို​သော​ကြောင့် သေ​ဒဏ် ခံ​ထိုက်​ကြောင်း အ​ကျွန်ုပ်​တို့​တ​ရား​ဥ​ပ​ဒေ က​ဆို​ပါ​သည်'' ဟု​ပြန်​၍​ဖြေ​ကြား​၏။


သို့​ဖြစ်​၍​အိမ်​တော်​ထဲ​သို့​ပြန်​ဝင်​ပြီး​နောက် သ​ခင်​ယေ​ရှု​အား ``သင်​သည်​အ​ဘယ်​မှ​လာ သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​မည်​သို့​မျှ ဖြေ​ကြား​တော်​မ​မူ။-


ထို​သူ​ဖတ်​လျက်​နေ​သည့်​ကျမ်း​ချက်​ကား၊ ``သတ်​ရန်​ဆွဲ​ယူ​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​လည်း​ဆောင်​ယူ​သွား​ကြ​၏။ အ​မွှေး​ညှပ်​သူ​တို့​၏​ရှေ့​တွင်​သိုး​သား​ငယ်​သည် နှုတ်​ကို​ပိတ်​ထား​သ​ကဲ့​သို့၊သူ​သည် မိ​မိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။


ဤ​သွန်​သင်​ချက်​သည်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့် ဝ​၍ မင်္ဂ​လာ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တော်​မှ​လာ​သည့်​သ​တင်း​ကောင်း​အ​တိုင်း​ဖြစ် ပေ​သည်။ ထို​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​၏။


မင်္ဂ​လာ​ရှိ​တော်​မူ​သော​တစ်​ဆူ​တည်း​သော အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင် တ​ကာ​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော် အား​ထင်​ရှား​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။-


မိ​မိ​အား​ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​တုံ့​ပြန် ပုတ်​ခတ်​ပြော​ဆို​မှု​ပြု​တော်​မ​မူ။ ဝေ​ဒ​နာ​ခံ တော်​မူ​ရ​သော​အ​ခါ​ခြိမ်း​ခြောက်​တော်​မ​မူ​ဘဲ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​လက်​တော်​သို့​မိ​မိ​၏​အ​မှု​ကို​အပ် တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ