ယေရမိ 49:32 - Common Language Bible32 ``သူတို့၏ကုလားအုတ်မှစ၍တိရစ္ဆာန် အပေါင်းကိုယူကြလော့။ ငါသည်ဆံပင် ဖြတ်သူတို့ကိုအရပ်တကာသို့ကွဲလွင့်စေ၍ အရပ်ရပ်မှဘေးအန္တရာယ်ဆိုးနှင့်တွေ့ကြုံ စေမည်။- အခန်းကိုကြည့်ပါ။Garrad Bible32 ချင်း တို့၏ မြောက် မြား သော နွား၊ သိုး၊ ဆိတ် နှင့် ကု လား အုပ် တို့ သည်၊ လက် ရ သိမ်း ယူ ရာ ဖြစ် လျက်၊ န ဖူး ထိပ် ဆံ ရိတ် သော ထို လူ မျိုး အ ပေါ် တွင်၊ ဘေး ဥ ပဒ် ကို အ ဘက် ဘက် က ငါ သင့် စေ သ ဖြင့်၊ လေး မျက် နှာ သို့ ကွဲ လွင့် စေ မည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible32 သူတို့ကုလားအုတ် အစရှိသောတိရစ္ဆာန်အပေါင်းတို့သည် လုယူရာ ဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ်သော လူမျိုးကို အရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ်တို့မှ သူတို့၌ ဘေးဥပဒ်ကို ငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 ထာဝရဘုရားက “သူတို့၏ကုလားအုတ်များကို လုယူ၍ တိရစ္ဆာန်အလုံးအရင်းကို သိမ်းယူသွားမည်။ နားသယ်မွေးရိတ်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ လေးဘက်လေးတန်မှဘေးဒုက္ခကို သူတို့ထံ ငါရောက်စေမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``အီဂျစ်ပြည်သားများ၊ ယုဒ ပြည်သားများ၊ ဧဒုံပြည်သားများ၊ အမ္မုန်ပြည် သားများ၊ မောဘပြည်သားများနှင့်သဲကန္တာရ တွင်နေထိုင်ကာ ဆံပင်တိုထားသောလူမျိုး အားငါအပြစ်ဒဏ်ခတ်မည့်နေ့ရက်ကာလ ကျရောက်လာတော့မည်။ ထိုသူအပေါင်းတို့ သည်ပဋိညာဉ်သေတ္တာတော်၏သင်္ကေတဖြစ် သည့်အရေဖျားလှီးမင်္ဂလာကိုခံသော်လည်း ငါ၏ပဋိညာဉ်တော်ကိုမစောင့်ထိန်းကြ။ ထို သူအပေါင်းနှင့်ဣသရေလပြည်သားတို့ သည်ငါ၏ပဋိညာဉ်ကိုမစောင့်ထိန်းကြ'' ဟုမိန့်တော်မူ၏။
သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။