ယေရမိ 49:31 - Common Language Bible31 `လာကြ၊ ငါတို့သည်ဘေးမဲ့လုံခြုံမှုရှိလှ ပြီဟုထင်မှတ်သူထိုလူမျိုးကိုတိုက်ခိုက် ကြကုန်အံ့။ သူတို့၏မြို့သည်မြို့တံခါးနှင့် ကန့်လန့်ပင်မရှိ။ လုံခြုံမှုကင်းမဲ့သည့်မြို့ ဖြစ်သည်' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible31 မြို့ တံ ခါး မင်း ထုပ် မ ရှိ ဘဲ၊ အ သီး အ ခြား စိတ် ချမ်း သာ စွာ နေ လေ့ ရှိ သော၊ ထို လူ မျိုး ထံ ထ၍ ချီ တက် ကြ လော့ ဟု၊ ထာ ဝ ရ ဘုရား တိုက် တွန်း တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible31 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထကြလော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဖော်မရှိ၊ တခြားစီနေတတ်သော လူမျိုးနေရာသို့သွားကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 ထာဝရဘုရားက “ထကြ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချပြီး စိုးရိမ်ကြောင့်ကြမှုမရှိသောလူမျိုး၊ မြို့တံခါးမရှိ၊ ကန့်လန့်ကျင်မရှိ၊ တသီးတခြားနေထိုင်သောလူမျိုးထံ စစ်ချီကြ”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊ မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။ ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။ သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။ အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။
ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အား``အာရှုရိ အမျိုးသားတို့သည်ခွန်အားကြီး၍အရေ အတွက်အားဖြင့်များသော်လည်း သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြလျက်ကွယ်ပျောက် သွားကြလိမ့်မည်။ အို ငါ၏လူမျိုးတော်၊ ငါ သည်သင်တို့အားဒုက္ခရောက်စေခဲ့ဖူးသော် လည်းနောက်တစ်ဖန်ထိုသို့ပြုတော့မည် မဟုတ်။-
ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။