ယေရမိ 42:15 - Common Language Bible15 အကယ်၍ဤသို့သင်တို့ဆိုကြပါမူ ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက`သင်တို့သည်အီဂျစ် ပြည်သို့သွားရောက်နေထိုင်ရန်သန္နိဋ္ဌာန် ချမှတ်ထားကြပါလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible15 အို ယု ဒ လူ မျိုး အ ကြွင်း အ ကျန် တို့၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို နား ထောင် ကြ ဦး။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် က၊ အိ ဂျစ် ပြည် သို့ မျက် နှာ မူ မြဲ မူ လျက်၊ ဝင် ရောက် တည်း ခို ကြ လျှင်၊ ကြောက် သော သ တ္တ န္တ ရ ကပ် သည်၊ အခန်းကိုကြည့်ပါ။Judson Bible15 ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို ကြားကြလော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုပြည်သို့ သွားခြင်းငှာ ကျပ်ကျပ် မျက်နှာပြုလျက်၊ ထိုပြည်သို့ အမှန်သွား၍ တည်းခိုလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ကြွင်းကျန်သောယုဒအမျိုးတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် အီဂျစ်ပြည်သို့သွားရန် စိတ်အားပြင်းပြမည်ဆိုလျှင်၊ ထိုပြည်၌ပင် သွားရောက်နေထိုင်မည်ဆိုလျှင် အခန်းကိုကြည့်ပါ။ |
အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန်သန္နိဋ္ဌာန် ချမှတ်ထားသူမှန်သမျှသည်စစ်ဘေး၊ သို့မ ဟုတ်ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သို့မဟုတ် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ သူတို့တစ်ဦးတစ်ယောက်မျှအသက်မသေ ဘဲကျန်ရှိလိမ့်မည်မဟုတ်။ သူတို့တစ်ဦး တစ်ယောက်မျှငါသက်ရောက်စေမည့်ဘေး အန္တရာယ်ဆိုးမှလွတ်မြောက်ကြလိမ့်မည် မဟုတ်' ဟုမိန့်တော်မူ၏။
ငါသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရားက အီဂျစ်ပြည်တွင်နေထိုင်ကြသောယုဒပြည် သားတို့နှင့်ပတ်သက်၍``သင်တို့နှင့်သင်တို့ ဇနီးများသည်ကောင်းကင်ဘုရင်မအား သစ္စာကတိပြုခဲ့ကြ၏။ သူ့အားယဇ်ပူဇော် ပါမည်ဟူ၍လည်းကောင်း၊ သူ၏အဖို့စပျစ် ရည်ပူဇော်သကာများကိုသွန်းလောင်းပါမည် ဟူ၍လည်းကောင်း ကတိထားပြီးလျှင်ထို ကတိအတိုင်းပြုခဲ့ကြပေသည်။ ကောင်း လှပြီ၊ သင်တို့ကတိကိုတည်စေကြလော့။ သင်တို့သစ္စာဋ္ဌိဋ္ဌာန်ပြုသည်အတိုင်းဆောင် ရွက်ကြလော့။-
``ဆီးရီးယားဘုရင်သည်မိမိ၏ကြီးမား သောစစ်တပ်တစ်တပ်လုံးဖြင့် စစ်ချီရန်ကြံ စည်လိမ့်မည်။ ထိုနောက်ရန်သူ့နိုင်ငံပြိုပျက် ရေးအတွက် ရန်သူနိုင်ငံ၏မင်းနှင့်မဟာမိတ် ဖွဲ့ကာသူ့အားသမီးတော်ကိုထိမ်းမြားဆောင် နှင်းပေးလိမ့်မည်။ သို့ရာတွင်ဤအကြံအစည် သည်အောင်မြင်လိမ့်မည်မဟုတ်။-