ယေရမိ 42:16 - Common Language Bible16 သင်တို့ကြောက်ရွံ့သည့်စစ်မက်အန္တရာယ်သည် သင်တို့ကိုလိုက်၍မီလိမ့်မည်။ သင်တို့ထိတ်လန့် သည့်ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း သင်တို့နောက်မှလိုက်၍လာလိမ့်မည်။ သို့ဖြစ် ၍သင်တို့သည်အီဂျစ်ပြည်တွင်သေရကြ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16 ထို အိ ဂျစ် ပြည်၌ ပင်၊ သင် တို့ ကို အုပ် မိ လျက်၊ ရွံ့ သော ဒု ဗ္ဘိ က္ခ န္တ ရ ကပ် လည်း၊ ထက် ကြပ် လိုက် သ ဖြင့်၊ ထို ပြည် တွင် သေ ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible16 သင်တို့ကြောက်သော ဓားဘေးသည် အဲဂုတ္တုပြည်၌ သင်တို့ကိုမီလိမ့်မည်။ သင်တို့ကြောက်သော မွတ်သိပ်ခြင်းဘေးသည်လည်း၊ အဲဂုတ္တုပြည်၌ သင်တို့ကိုကျပ်ကျပ်လိုက်၍၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထိုအီဂျစ်ပြည်၌ပင် သင်တို့ကြောက်ရွံ့သောဓားဘေးသည် သင်တို့ကိုမီလိမ့်မည်။ သင်တို့ထိတ်လန့်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း အီဂျစ်ပြည်အထိပင် သင်တို့နောက်သို့ ကပ်လိုက်လာလိမ့်မည်။ ထိုအရပ်၌ပင် သင်တို့သေရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-