Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 23:27 - Common Language Bible

27 မိ​မိ​တို့​ဘိုး​ဘေး​များ​သည်​ငါ့​ကို​မေ့​လျော့ ကာ ဗာ​လ​ဘု​ရား​ကို​ဆည်း​ကပ်​ခဲ့​ကြ​သ​ကဲ့ သို့​သူ​တို့​သည် မိ​မိ​တို့​ဟော​ပြော​သည့်​အိပ် မက်​များ​က ငါ​၏​လူ​မျိုး​တော်​အား​ငါ့​ကို မေ့​လျော့​စေ​နိုင်​လိမ့်​မည်​ဟု​သူ​တို့​ထင်​မှတ် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ဘိုး​ဘေး​တို့​သည် ဗာ​လ​ကြောင့် ငါ့​နာ​မ​ကို​မေ့​လျော့​သ​ကဲ့​သို့၊ သူ​တို့​သည် အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပြော​တတ်​သော အိပ်​မက်​များ​အား​ဖြင့် ငါ၏​လူ​မျိုး​သည် ငါ့​နာ​မ​ကို​မေ့​လျော့​စေ​မည်​ဟု အ​ကြံ​ရှိ​ကြ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ဘိုးဘေး​တို့​သည် ဗာလ​ကို ကိုးကွယ်​ပြီး ငါ့​နာမ​ကို​မေ့လျော့​သကဲ့သို့ သူ​တို့​က သူ​တို့​အချင်းချင်း​ပြောဆို​သော​အိပ်မက်​များ​အားဖြင့် ငါ့​လူမျိုး​တို့ ငါ့​နာမ​ကို​မေ့လျော့​အောင် ကြံစည်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 23:27
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက် သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို ပြန်​လည်​တည်​ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ ဘု​ရား​မ​တံ​ခွန်​တိုင်​ကို​စိုက်​ထူ​၏။ ကြယ် နက္ခတ်​များ​ကို​လည်း​ဝတ်​ပြု​ရှိ​ခိုး​၏။-


မိန်း​မ​ပျို​သည်​မိ​မိ​၏​ကျောက်​မျက်​ရ​တ​နာ များ​ကို​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​၏​မင်္ဂ​လာ​ဆောင်​ဝတ်​စုံ​ကို လည်း​ကောင်း​မေ့​လျော့​တတ်​ပါ​သ​လော။ သို့ ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား​မ​ရေ မ​တွက်​နိုင်​သော​နေ့​ရက်​များ​တွင်​ငါ့​ကို မေ့​လျော့​ကြ​လေ​ပြီ။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​တော်​မူ​၏။ သင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ ပ​ရော​ဖက်​များ၊ အ​ခြား​အ​နာ​ဂတ်​ဟော​သည့် ဆ​ရာ​များ​၏​လိမ်​လည်​လှည့်​စား​မှု​ကို​မ​ခံ ကြ​နှင့်။ သူ​တို့​၏​အိပ်​မက်​များ​ကို​လည်း​မည် သို့​မျှ​ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။-


သူ​တို့​သည်​ခေါင်း​မာ​လျက်​မိ​မိ​ဘိုး​ဘေး များ​သွန်​သင်​ထား​ခဲ့​သည့်​အ​တိုင်း ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​၏။-


သို့​ရာ​တွင် (ဂ​ရိ​ဘာ​သာ​အား​ဖြင့်​ဧ​လု​မ​ဟု နာ​မည်​ရှိ​သော) ထို​မှော်​ဆ​ရာ​သည်​ဘု​ရင်​ခံ အား​ယုံ​ကြည်​ခြင်း​လွဲ​မှား​စေ​ရန် ဗာ​န​ဗ နှင့်​ရှော​လု​တို့​ကို​အ​တိုက်​အ​ခံ​ပြု​လေ​၏။-


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​ရန်​သ​တိ​ပြု​လော့။ ယ​နေ့​သင်​တို့​အား ငါ​ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​လိုက် နာ​ရန်​မ​မေ့​နှင့်။-


သင်​တို့​သည်​မာ​န​ထောင်​လွှား​၍​သင်​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မ​မေ့​ရန်​သ​တိ​ပြု​ကြ​လော့။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ပေး တော်​မူ​သော​အ​စွမ်း​သတ္တိ​ကြောင့်​သာ ပစ္စည်း​ဥစ္စာ ကြွယ်​ဝ​ချမ်း​သာ​လာ​ရ​ကြောင်း​သိ​မှတ်​လော့။ ယင်း​သို့​အ​စွမ်း​သတ္တိ​ပေး​တော်​မူ​ခြင်း​အ​ကြောင်း မှာ ကိုယ်​တော်​သည်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့် ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​ကို ယ​နေ့​တိုင်​အောင် တည်​စေ​လျက်​ရှိ​သော​ကြောင့်​တည်း။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဗာ​လ ဘု​ရား၊ မော​ဘ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ အမ္မုန်​ဘု​ရား၊ ဖိ​လိတ္တိ ဘုရား​တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကာ​ထာ​ဝ​ရ ဘု​ရား​အား​နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပစ်​ပယ်​၍ ကိုယ်​တော်​ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​တော့​ချေ။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​မေ့​လျော့ သွား​ကြ​၏။ ကိုယ်​တော်​ကို​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​နှင့်​အာ​ရှ​ရ​ဘု​ရား​တို့​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ