Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 23:26 - Common Language Bible

26 ဤ​ပရော​ဖက်​များ​သည်​မိ​မိ​တို့​လုပ်​ကြံ​ပြော ဆို​သည့်​မု​သား​စ​ကား​များ​ဖြင့် ငါ​၏​လူ​မျိုး တော်​အား​အ​ဘယ်​မျှ​ကြာ​ကြာ​ဆက်​လက် လမ်း​လွဲ​စေ​ကြ​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26-27 မု သာ ဟော ပြော သော ပ ရော ဖက်၊ ကိုယ့် သ ဘော အ တိုင်း လှည့် စား သော ပ ရော ဖက်၊ ငါ့ နာ မ ကို မေ့ လျော့ ၍ ဗာ လ နတ် ကို သ တိ မူ သော ဘိုး ဘေး တို့ နည်း တူ၊ အ ချင်း ချင်း ပြန် ကြား သော အိပ် မက် များ ဖြင့်၊ ငါ့ နာ မ ကို လူ မျိုး တော် မေ့ လျော့ စေ ရန် ကြံ စည် သော ပ ရော ဖက် များ ၌၊ ထို သို့ စိတ် သ ဘော ရှိ သည် မှာ၊ မည် မျှ ကြာ အံ့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထို​ပ​ရော​ဖက်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဤ​သို့ ကြံ​စည်​ကြ​လိမ့်​မည်​နည်း။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ ကိုယ်​စိတ်​နှ​လုံး​လှည့်​စား​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 မုသား​သည် မဟုတ်မမှန် ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​၏​စိတ်​ထဲ၌ မည်မျှ​ကြာ​အောင်​ရှိ​နေ​ဦး​မည်နည်း​။ သူ​တို့​သည် သူ​တို့​စိတ်​ထဲ၌​ရှိ​သည့် လှည့်စားမှု​အတိုင်း ပရောဖက်​ပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 23:26
13 ပူးပေါင်းရင်းမြစ်များ  

အ​ချင်း​လူ​တို့၊သင်​တို့​သည်​အ​ဘယ်​ကာ​လ​တိုင် အောင် ငါ့​အား​စော်​ကား​ကြ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​သင်​တို့​သည် အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​ကို​နှစ်​သက်​၍ အ​မှား​နောက်​သို့​လိုက်​ကြ​မည်​နည်း။


ပ​ရော​ဖက်​များ​ကို​လည်း​ဆိတ်​ဆိတ်​နေ​ရန် ပြော​ဆို​ကြ​၏။ သူ​တို့​က``ငါ​တို့​အား​အ​မှန် တ​ရား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​ကြား​လို သော​စကား​ကို​ပြော​ကြ​လော့။ ငါ​တို့​အား မိ​မိ​တို့​၏​လွဲ​မှား​သော​အ​ထင်​အ​မြင် အ​ယူ​အ​ဆ​များ​နှင့်​ပင်​ရှိ​နေ​စေ​ကြ လော့။-


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​စက်​ဆုတ်​သည့် အ​မှု​များ​ကို သင်​တို့​ပြု​ကျင့်​ကြ​သည်​ကို မြင်​တော်​မူ​ပြီ။ သင်​တို့​သည်​အိမ်​နီး​ချင်း​၏ ဇ​နီး​ကို​တပ်​မက်​သူ​ကဲ့​သို့၊ မြင်း​မ​ကို​တပ် မက်​၍​ဟီ​သည့်​မြင်း​လား​ကဲ့​သို့၊ တောင်​ကုန်း များ၊ လယ်​ကွင်း​များ​တွင်​အ​ရှက်​ကင်း​မဲ့​စွာ ပြည့်​တန်​ဆာ​လုပ်​ငန်း​ကို​လုပ်​ကြ​၏။ ယေ​ရု ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ အ​ဘယ်​အ​ခါ​မှ​သင် တို့​သည်​သန့်​စင်​၍​လာ​ကြ​မည်​နည်း။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​တို့ သည် ငါ​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည် ပြော​ဆို​နေ​ကြ​ခြင်း​ဖြစ်​သည်။ ငါ​သည်​သူ​တို့ ကို​မ​စေ​လွှတ်​ခဲ့။ သူ​တို့​အား​အ​ဘယ်​သို့​မျှ လည်း​မ​မှာ​ကြား။ အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ လည်း​ငါ​မ​ပေး​ခဲ့။ သူ​တို့​ဖော်​ပြ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တို့​သည်​ငါ​ပြ​သည့်​ရူ​ပါ​ရုံ​များ မ​ဟုတ်။ သူ​တို့​ကြို​တင်​ဟော​ပြော​မှု​များ သည်​အ​ချည်း​နှီး​ဟော​ပြော​မှု​များ​သာ လျှင်​ဖြစ်​၏။-


``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''


အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ချမ်း​သာ​ရာ​ရ စေ​ရန် မိ​မိ​စိတ်​နှ​လုံး​ကို​ဆိုး​ညစ်​မှု​နှင့်​ကင်း စင်​စေ​လော့။ သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဆက်​လက်​၍​ဆိုး​ညစ်​စွာ​ကြံ​စည်​လျက်​နေ ဦး​မည်​နည်း။


ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော​ရွှေ​နွား ရုပ်​ကို​ငါ​စက်​ဆုတ်​ရွံ​ရှာ​တော်​မူ​၏။ သူ​တို့ အား​ငါ​အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့ သည်​မည်​သည့်​အ​ခါ​မှ​ရုပ်​တု​ကိုး​ကွယ်​မှု ကို​စွန့်​ကြ​မည်​နည်း။-


``မာရ်​နတ်​၏​သား၊ လှည့်​စား​လိမ်​လည်​တတ်​သူ၊ အ​မှန်​တ​ရား​၏​ရန်​သူ၊ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဖြောင့်​မှန်​သော​တ​ရား​လမ်း​ကို ကောက်​လိမ်​အောင်​ပြု​ပါ​သည်​တ​ကား။-


လူ​တို့​သည်​မှန်​ကန်​သည့်​သြ​ဝါ​ဒ​ကို​နား​မ ထောင်​ဘဲ​ကိုယ့်​အ​လို​ဆန္ဒ​များ​ကို​လိုက်​၍ မိ​မိ တို့​ကြား​နာ​လို​သည့်​စ​ကား​များ​ပြော​ဆို​မည့် ဆ​ရာ​သ​မား​များ​ကို​ရှာ​ဖွေ​ကြ​မည့်​အ​ချိန် ကာ​လ​ရောက်​လိမ့်​မည်။-


အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​ပ​ရော​ဖက် ဟော​ပြော​ချက်​မျှ မိ​မိ​၏​အ​လို​ဆန္ဒ​အ​ရ​ပေါ် ပေါက်​လာ​ခြင်း​မ​ဟုတ်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှိုး​ဆော်​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လာ​သော​ဗျာ​ဒိတ်​တော်​ကို ဟော​ပြော​ခြင်း​ဖြစ်​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ