Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 33:13 - Common Language Bible

13 ငါ​သည်​သူ​တော်​ကောင်း​အား​အ​သက်​ရှင်​စေ မည်​ဟု​က​တိ​ပေး​ထား​သော်​လည်း သူ​သည် မိ​မိ​ပြု​ခဲ့​သော​ကောင်း​မှု​ကို​အား​ကိုး​ကာ အ​ပြစ်​စ​၍​ကူး​လွန်​သည်​ဆို​ပါ​မူ ငါ​သည် သူ​ပြု​ခဲ့​သော​အ​ဘယ်​ကောင်း​မှု​ကို​မျှ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ သူ​သည်​မိ​မိ​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 မု ချ အ သက် ချမ်း သာ ရ မည် ဟု ငါ ဆို ရာ၌၊ ဖြောင့် မတ် သူ သည်၊ ကိုယ် ဖြောင့် မတ် ခြင်း ကို စိတ် ချ လျက်၊ မ တ ရား ပြု လျှင်၊ ဖြောင့် မတ် မှု များ ကို အ လျှင်း အ ရေး ယူ တော် မ မူ ဘဲ၊ ပြု ကျင့် သော မ တ ရား မှု ကြောင့် သေ ဒဏ် ခံ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ဖြောင့်​မတ်​သော​သူ​သည် စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်​ဟု ငါ​ဆို​သော်​လည်း၊ သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကို ကိုး​စား၍ ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ အ​ရင်​ဖြောင့်​မတ်​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ မ​အောက်​မေ့​ရ။ ပြု​မိ​သော ဒု​စ​ရိုက်​ကြောင့် အ​သေ​ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ဖြောင့်မတ်​သော​သူ​သည် စင်စစ်​အသက်ရှင်​ရ​မည်​ဟု ငါ​ဆို​သော်လည်း သူ​သည် ဖြောင့်မတ်​ခြင်း​ကို​မှီ​၍ မကောင်းမှု​ကို​ပြု​လျှင် သူ​ဖြောင့်မတ်​ခဲ့​သမျှ​ကို ပြန်လည်​အမှတ်ရ​မည်​မ​ဟုတ်​။ သူ​ပြု​ခဲ့​သော​မကောင်းမှု​ကြောင့် သေ​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 33:13
11 ပူးပေါင်းရင်းမြစ်များ  

``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။


သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ ဆိုး​ညစ်​မှု​ကို​ပြု​ပြီး​နောက်​သေ​သွား​လျှင် ထို​သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​ဆိုး​ညစ်​မှု ကြောင့်​သေ​ရ​ခြင်း​ဖြစ်​၏။-


အ​ဖ​၏​အ​သက်​ကို​ငါ​ပိုင်​၏။ သား​၏​အ​သက် ကို​လည်း​ငါ​ပိုင်​၏။ လူ​တိုင်း​၏​အ​သက်​ကို ငါ​ပိုင်​၏။ သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန် သူ​ပင်​ဖြစ်​၏။


``သူ​တော်​ကောင်း​တစ်​ယောက်​သည်​မ​ကောင်း​မှု ကို​ပြု​လာ​သ​ဖြင့် ငါ​သည်​သူ့​အား​အန္တ​ရာယ် ရှိ​သော​အ​ခြေ​အ​နေ​သို့​ရောက်​စေ​၍​သူ​သည် သေ​ရ​မည်။ ထို​အ​ခါ​သင်​သည်​သူ့​ကို​သ​တိ မ​ပေး​ဘဲ​နေ​ပါ​မူ သူ​သည်​မိ​မိ​ကူး​လွန် သည့်​အ​ပြစ်​အ​တွက်​သေ​ရ​လိမ့်​မည်။ ယ​ခင် က​သူ​ပြု​သည့်​ကောင်း​မှု​များ​ကို​ငါ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ခါ​ထို​သူ​သေ​ရ သည့်​အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​၏။-


သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ မ​ကောင်း​မှု​ကို​ပြု​သော​အ​ခါ ထို​မ​ကောင်း မှု​အ​တွက်​သူ​သည်​သေ​ရ​လိမ့်​မည်။-


သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​နိုင်​မည့်​လမ်း​စဉ်​ကို​မ​သိ​သ​ဖြင့် ထို​လမ်း စဉ်​ကို​မ​လိုက်​ဘဲ​မိ​မိ​တို့​ကိုယ်​တိုင်​တီ​ထွင် သည့်​လမ်း​စဉ်​ကို​လိုက်​ကြ​ပေ​သည်။-


ဖြောင့်​မတ်​သူ​များ​ဖြစ်​ကြ​သော​ငါ​၏​လူ​စု တော်​သည် ယုံ​ကြည်​၍​အ​သက်​ရှင်​လိမ့်​မည်။ သို့​ရာ​တွင်​တွန့်​ဆုတ်​သွား​သူ​ကို​မူ​ကား ငါ​သည်​နှစ်​သက်​လိမ့်​မည်​မ​ဟုတ်'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏။-


ထို​သူ​တို့​သည်​အ​မှန်​စင်​စစ်​အ​ဘယ်​အ​ခါ​က​မျှ ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ​ဝင်​ခဲ့​ကြ​သ​ဖြင့် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။ အ​ကယ်​၍​သူ တို့​သည်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​ပါ​ဝင်​ခဲ့​ပါ​မူ ငါ​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​မည်​ဖြစ်​၏။ သူ​တို့ သည်​အ​မှန်​ပင်​ငါ​တို့​မိတ်​သ​ဟာ​ယ​တွင်​မ​ပါ ဝင်​ကြောင်း​သိ​သာ​ထင်​ရှား​စေ​ရန် သူ​တို့​သည် ငါ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ