ယေဇကျေလ 33:14 - Common Language Bible14 အကယ်၍ငါသည်ဆိုးယုတ်သူအားသေရ လိမ့်မည်ဟုသတိပေးသဖြင့် သူသည်မိမိ ၏အပြစ်ဒုစရိုက်ကိုရပ်စဲကာမှန်ရာ ကောင်းရာကိုပြုကျင့်လျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible14 တစ် နည်း၊ လူ ဆိုး အား၊ မု ချ သေ ဒဏ် ခံ ရ မည် ဟု ငါ ဆို ရာ၌၊ ပြစ် မှု မှ ကြဉ် ရှောင်၍ တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible14 တစ်ဖန်ဆိုးသောသူအား သင်သည် စင်စစ်အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း၊ ထိုသူသည် မိမိဒုစရိုက်ကိုရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ဆိုးယုတ်သောသူအားလည်း ‘သင်မုချသေရမည်’ဟု ငါဆိုသော်လည်း သူသည် အပြစ်ကိုစွန့်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျှင်၊ အခန်းကိုကြည့်ပါ။ |
အကယ်၍ငါကဆိုးယုတ်သူတစ်စုံတစ် ယောက်အားသေရလိမ့်မည်ဟုဆိုလျှင် သင် သည်ထိုသူအသက်မသေစေရန်သူ၏ အပြုအမူပြောင်းလဲဖို့သတိပေးရမည်။ မပေးဘဲနေပါမူသူသည်အပြစ်ကူး လွန်သူအဖြစ်ဖြင့်ပင်သေလိမ့်မည်။ ထို အခါငါသည်ထိုသေဆုံးသူ၏သွေး အတွက်သင့်မှာတာဝန်ရှိစေမည်။-
ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။