ယေဇကျေလ 33:12 - Common Language Bible12 ``အချင်းလူသား၊ သူတော်ကောင်းအပြစ် ကူးလွန်သောအခါသူပြုခဲ့သောကောင်း မှုများကသူ့ကိုကယ်လိမ့်မည်မဟုတ် ကြောင်း ဣသရေလအမျိုးသားတို့အား ပြောကြားလော့။ အကယ်၍ဆိုးညစ်သူ သည်မိမိ၏ဆိုးညစ်မှုကိုရပ်စဲလိုက်ပါ မူသူသည်အပြစ်ဒဏ်ကိုခံရတော့မည် မဟုတ်။ သူတော်ကောင်းသည်အပြစ်ကူး လွန်သောအခါသူသည်အသက်ချမ်း သာရာရမည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible12 အ ချင်း လူ့ သား၊ အ မျိုး သား ချင်း တို့ အား ဆင့် ဆို ရ မည် မှာ၊ ဖြောင့် မတ် သူ သည်၊ လွန် ကျူး မိ သော ကာ လ၌၊ ယ ခင် ဖြောင့် မတ် ခြင်း ကြောင့် ဘေး လွတ် ခွင့်၊ ပြစ် မှား မိ သော ကာ လ၌ အ သက် ရှင် ခွင့် ရ တော့ မည် မ ဟုတ်။ လူ ဆိုး လည်း၊ ဆိုး သွမ်း ခြင်း မှ ကြဉ် ရှောင် သော ကာ လ၌၊ ယ ခင် ဆိုး သွမ်း ခြင်း ကြောင့် ပြို လဲ မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible12 သို့ဖြစ်၍၊ အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ဟောပြောရမည်မှာ၊ ဖြောင့်မတ်သောသူသည် ဖောက်ပြန်လျှင်၊ အရင်ဖြောင့်မတ်ခြင်းအမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ်။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင်၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ်။ ဖြောင့်မတ်သောသူသည် ပြစ်မှားသောနေ့၌ အသက်ရှင်ရသောအခွင့် မရှိရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ‘ဖြောင့်မတ်သောသူသည် သူအပြစ်ကျူးလွန်မိသောအခါ သူ၏ဖြောင့်မတ်ခြင်းသည် သူ့ကို ကယ်တင်မည်မဟုတ်။ ဆိုးယုတ်သောသူသည်လည်း သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်သောအခါ သူပြုခဲ့သောဆိုးယုတ်မှုသည် သူ့အား ပြိုလဲစေမည်မဟုတ်။ ဖြောင့်မတ်သောသူ အပြစ်ပြုသောအခါ အသက်ရှင်ခွင့်ရမည်မဟုတ်’ဟု ပြောကြားလော့။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် လူတို့သည်အပြစ်များမှပြေလွတ်နိုင်ကြ စေရန် ဘုရားသခင်သည်ထိုအရှင်ကိုပူဇော် သကာအဖြစ်သတ်မှတ်တော်မူ၏။ လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်အပြစ်များ မှပြေလွတ်ခြင်းကိုခံစားရကြ၏။ ဘုရား သခင်သည်ခရစ်တော်ကိုပူဇော်သကာ အဖြစ်သတ်မှတ်တော်မူရခြင်းမှာ ကိုယ် တော်သည်ဖြောင့်မတ်တော်မူသောအရှင်ဖြစ် ကြောင်းကိုပြသရန်ဖြစ်၏။ ယခုခေတ် ကာလအထိဘုရားသခင်သည်စိတ်ရှည် သည်းခံတော်မူပြီးလျှင် လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုအရေးယူတော်မမူ။ သို့ရာတွင်ယခုခေတ်ကာလ၌ကိုယ်တော် သည် မိမိ၏ဖြောင့်မတ်ခြင်းကိုပြသရန် လူတို့၏အပြစ်များကိုအရေးယူတော် မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် မိမိကိုယ်တိုင်ပင်ဖြောင့်မတ်တော်မူသော အရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ သခင်ယေရှုအားယုံကြည်သူအပေါင်းတို့ ကို မိမိနှင့်မှန်ကန်စွာဆက်ဆံစေတော်မူ ကြောင်းကိုလည်းကောင်းဖော်ပြတော်မူ၏။