Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 30:15 - Common Language Bible

15 အီ​ဂျစ်​ပြည်​၏​ခံ​တပ်​မြို့​ကြီး​ဖြစ်​သော​သိန် မြို့​အား ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​စေ မည်။ နော​မြို့​၏​ဋ္ဌ​န​အင်​အား​ကို​ဖျက်​ဆီး မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 အိ ဂျစ် ပြည် ရှိ၊ သိန် ခေါ် ခံ မြို့ ပေါ် သို့ အ မျက် တော် ကို သွန်း လောင်း ခြင်း၊ နော မြို့ သူ မြို့ သား တို့ ကို ပယ် ရှား ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အဲ​ဂု​တ္တု​ပြည်၏ အ​စွမ်း​သ​တ္တိ​ဖြစ်​သော သိန်​မြို့​အ​ပေါ်​သို့ ငါ​သည် အ​မျက်​ကို​သွန်း​လောင်း၍၊ နော​မြို့​သား အ​လုံး​အ​ရင်း​ကို ပယ်​ဖြတ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အီဂျစ်​ပြည်​၏​ခံတပ်​မြို့​ဖြစ်​သော သိန်​မြို့​ပေါ်သို့ ငါ့​အမျက်​ကို​သွန်ချ​မည်​။ နော​မြို့​၏​အင်အားထုကြီး​ကို ဖျက်ဆီး​ပစ်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 30:15
6 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​အ​ပေါ်​သို့ မီး​ကျီး​ခဲ​များ​ကို​လည်း​ကောင်း၊ပူ​လောင်​လှ​သည့် မီး​လျှံ​ကို​လည်း​ကောင်း​ကျ​စေ​တော်​မူ​၏။ သူ​တို့​အား​ပူ​လောင်​လှ​သော​လေ​ပူ​ဖြင့် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဧ​လိမ်​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​သည်။ အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​လ​တစ် ဆယ်​ငါး​ရက်​နေ့​တွင် ဧ​လိမ်​အ​ရပ်​နှင့်​သိ​နာ တောင်​စပ်​ကြား​ရှိ​သိန်​ဟု​ခေါ်​သော​တော ကန္တာ​ရ​သို့​ရောက်​ရှိ​ကြ​၏။-


အီ​ဂျစ်​ပြည်​တောင်​ပိုင်း​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​အ​ရပ်​ဖြစ်​စေ​၍ မြောက်​ပိုင်း​တွင်​ရှိ​သော ဇော​န​မြို့​ကို​မီး​ရှို့​မည်။ နော​မြို့​တော်​ကို လည်း​အ​ပြစ်​ဒဏ်​ခတ်​မည်။-


ငါ​သည်​အီ​ဂျစ်​ပြည်​ကို​မီး​လောင်​စေ​၍ သိန်​မြို့​ကို​လည်း​ပြင်း​ထန်​စွာ​နာ​ကျင်​စေ မည်။ ထို​မြို့​၏​မြို့​ရိုး​များ​သည်​ဖြို​ဖျက် ခြင်း​ခံ​ရ​သ​ဖြင့်​ထို​မြို့​ကို​ရေ​လွှမ်း​မိုး လိမ့်​မည်။-


ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​၏​ကြောက်​မက်​ဖွယ်​ရာ​အ​မျက်​တော် အ​ရှိန်​ကို​အ​ဘယ်​သူ​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​မီး​လျှံ​ထ​သော​အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ ရှေ့​တော်​၌​ကျောက်​တို့​သည်​ကြေ​မွ​ကာ အ​မှုန့်​ဖြစ်​၍​သွား​ကုန်​၏။


ထို​နောက်​ဗိ​မာန်​တော်​ထဲ​မှ​ကျယ်​သော​အ​သံ ထွက်​ပေါ်​လာ​၏။ ထို​အ​သံ​က``ကမ္ဘာ​မြေ​ပေါ် သို့​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို​သွန်း​လောင်း​လော့'' ဟု​ကောင်း​ကင် တ​မန်​ခု​နစ်​ပါး​တို့​အား​ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ