ယောရှု 1:15 - Common Language Bible15 သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible15 သင် တို့ အား ရန် ငြိမ်း ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မူ သည့် နည်း တူ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကို ဆွေ မျိုး သား ချင်း တို့ လည်း အ ပိုင် ရ လျက် ရန် ငြိမ်း ခွင့် ရှိ ကြ ပြီး မှ၊ နေ ထွက် ရာ အ ရပ်၊ ယော် ဒန် မြစ် ဤ ဘက်၊ ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ ဝေ ခဲ့ သော ပိုင် ရာ ပြည် နယ် သို့ ပြန် ရောက် ပိုင် ယူ ခွင့် ရ ကြ မည် ဟု မိန့် ဆို လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible15 ထာဝရဘုရားသည် သင်တို့အားနေရာချသည်အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမီ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမီတိုင်အောင်၊ သင်တို့တွင် ခွန်အားကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရဘုရား၏ကျွန်မောရှေသည် ယော်ဒန်မြစ် နေထွက်ရာဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ဝင်စားရကြမည်ဟု ပြောဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေးသည်အထိ၊ သူတို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို အပိုင်ရသည်အထိ သူတို့ကို ကူညီရမည်။ ပြီးမှ သင်တို့ပြန်လာ၍ သင်တို့အားထာဝရဘုရား၏အစေအပါးမောရှေ ပေးခဲ့သော ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ကို သင်တို့ပိုင်ဆိုင်ရမည်”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
``တစ်ချိန်တည်းမှာပင် ငါသည်သူတို့အား`ငါ တို့၏ဘုရားသခင်ထာဝရဘုရားသည် ယော်ဒန်မြစ်အရှေ့ဘက်တွင်ရှိသောဤပြည် ကို သင်တို့အားသိမ်းယူစေတော်မူပြီ။ ယခု သင်တို့၏စစ်သူရဲတို့ကိုလက်နက်စွဲကိုင် စေလော့။ အခြားသောဣသရေလအနွယ် ဝင်တို့နယ်မြေရရှိရေးအတွက် စစ်ကူ တိုက်ခိုက်ရန်သူတို့အလျင်ယော်ဒန်မြစ် ကိုဖြတ်ကူးစေလော့။-
ထာဝရဘုရားသည်သင်တို့အားအေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည့်နည်းတူ အခြား သောဣသရေလအနွယ်တို့အား ယော်ဒန်မြစ် အနောက်ဘက်နယ်မြေကိုသိမ်းပိုက်၍ အေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည်တိုင်အောင် သင် တို့သည်သူတို့ကိုကူညီရမည်။ သို့ဆောင်ရွက် ပြီးမှသင်တို့အပေါင်းသည် ငါခွဲဝေပေး သောပြည်သို့ပြန်လာရကြမည်' ဟုညွှန် ကြားခဲ့သည်။