ယောရှု 1:14 - Common Language Bible14 သင်တို့၏သားမယား၊ သိုး၊ နွား၊ ဆိတ်စသော တိရစ္ဆာန်များသည်ဤအရပ်တွင်နေရစ်၍၊ သူ တို့အနက်လက်နက်ကိုင်နိုင်သူအမျိုးသား မှန်သမျှသည် အခြားဣသရေလအမျိုး သားချင်းတို့၏တပ်ဦးအဖြစ်မြစ်ကို အလျင်အမြန်ဖြတ်ကူးရမည်။- အခန်းကိုကြည့်ပါ။Garrad Bible14 မိန်း မ များ၊ သူ ငယ် များ နှင့် တ ကွ တိ ရ စ္ဆာန် ပါ ယော် ဒန် မြစ် ဤ ဘက်၌ မော ရှေ နေ ခဲ့ သော ပြည် နယ် တွင် နေ စေ လျက်၊ သင် တို့ အ နက် စစ် ခေါင်း မာ သူ အ ပေါင်း တို့ မှာ၊ ဆွေ မျိုး သား ချင်း ရှေ့၊ လက် နက် စွဲ ကိုင် ၍ ကူး ချီ စစ် ကူ ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible14 သင်တို့သားမယား၊ သူငယ်များနှင့် တိရစ္ဆာန်များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသောပြည်၌ နေရစ်ရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သင်တို့၏မယားနှင့် ကလေးများ၊ သင်တို့၏တိရစ္ဆာန်များသည် ဂျော်ဒန်မြစ်တစ်ဖက် မောရှေပေးခဲ့သောပြည်တွင် နေရစ်ရမည်။ ရဲစွမ်းသတ္တိရှိသူအပေါင်းတို့မူကား လက်နက်စွဲကိုင်လျက် သင်တို့၏အမျိုးသားချင်းတို့ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောယော်ဒန်မြစ်အနောက်ဘက် ရှိပြည်ကိုသိမ်းပိုက်နိုင်သည်အထိ သူတို့ အားကူညီတိုက်ခိုက်ရမည်။ ဣသရေလအနွယ် တို့ငြိမ်းချမ်းစွာနေထိုင်ရသောအခါ၌ သင် တို့သည်ထာဝရဘုရား၏အစေခံမောရှေပေး သောယော်ဒန်မြစ်အရှေ့ဘက်ရှိပြည်သို့ပြန် နိုင်သည်'' ဟုဆို၏။