မဿဲ 5:29 - Common Language Bible29 သင်၏လက်ယာမျက်စိသည်သင့်အားမှောက်မှား စေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။ သင်၏ကိုယ် ခန္ဓာတစ်ခုလုံးငရဲသို့လားရသည်ထက်ကိုယ် အင်္ဂါတစ်ခုချို့တဲ့ရခြင်းကသာ၍ကောင်း၏။- အခန်းကိုကြည့်ပါ။Garrad Bible29 သို့ ဖြစ်၍ ညာ မျက် စိ က သင့် ကို တိုက် လဲ စေ လျှင် ထုတ် ပစ် လော့။ အင်္ဂါ တစ် ခု ချို့၍ တစ် ကိုယ် လုံး င ရဲ သို့ မ ကျ လျှင် တော် သေး ၏။ အခန်းကိုကြည့်ပါ။Judson Bible29 ထိုကြောင့် လက်ယာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တစ်ကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခုပျက်သော် သာ၍ကောင်း၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 သင်၏လက်ယာမျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲထဲသို့ပစ်ချခြင်းမခံရပါက သင့်အတွက် သာ၍ကောင်း၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း29 ထို့ကြောင့် သင်၏ လက်ယာမျက်စိသည် ထိုတဏှာစိတ်ကို ဖြစ်စေပါက ထုတ်ယူ၍ လွှင့်ပစ်လော့။ ခန္ဓာတစ်ခုလုံး ငရဲသို့ ချခံရခြင်းထက် အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဆုံးရှုံးရခြင်းသည် ပို၍ ကောင်း၏။ အခန်းကိုကြည့်ပါ။မြန်မာ29 ထိုကြောင့် လက်ယာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တစ်ကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခုပျက်သော် သာ၍ကောင်း၏။- အခန်းကိုကြည့်ပါ။ |
အချို့သောသူတို့တွင်မွေးစကပင်အိမ်ထောင် ပြုနိုင်ရန်စွမ်းရည်မပါမရှိကြ။ အချို့တို့မှာ လူတို့ကထိုစွမ်းရည်ကိုဖျက်ဆီးပစ်လိုက်သော ကြောင့်အိမ်ထောင်ပြု၍မရကြ။ အချို့မှာမူ ကောင်းကင်နိုင်ငံတော်၏အကျိုးကိုထောက်၍ အိမ်ထောင်မပြုဘဲနေကြ၏။ အိမ်ထောင်မပြု ဘဲနေနိုင်သူသည်အိမ်ထောင်မပြုစေနှင့်'' ဟု မိန့်တော်မူ၏။
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-
ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။-