Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 5:29 - မြန်မာ

29 ထို​ကြောင့် လက်​ယာ​မျက်​စိ​ဖြစ်​သော်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ တစ်​ကိုယ်​လုံး င​ရဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​တစ်​ခု​ပျက်​သော် သာ၍​ကောင်း၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 သင်​၏​လက်​ယာ​မျက်​စိ​သည်​သင့်​အား​မှောက်​မှား စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ သင်​၏​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​င​ရဲ​သို့​လား​ရ​သည်​ထက်​ကိုယ် အင်္ဂါ​တစ်​ခု​ချို့​တဲ့​ရ​ခြင်း​က​သာ​၍​ကောင်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 သို့ ဖြစ်၍ ညာ မျက် စိ က သင့် ကို တိုက် လဲ စေ လျှင် ထုတ် ပစ် လော့။ အင်္ဂါ တစ် ခု ချို့၍ တစ် ကိုယ် လုံး င ရဲ သို့ မ ကျ လျှင် တော် သေး ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ထို​ကြောင့် လက်​ယာ​မျက်​စိ​ဖြစ်​သော်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ တစ်​ကိုယ်​လုံး င​ရဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​တစ်​ခု​ပျက်​သော် သာ၍​ကောင်း၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 သင်​၏​လက်ယာ​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍​လွှင့်ပစ်​လော့။ အကြောင်းမူကား သင်​၏​ကိုယ်အင်္ဂါ​တစ်​ခု​ဆုံးရှုံး​သွား​သော်လည်း သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး ငရဲ​ထဲသို့​ပစ်ချ​ခြင်း​မ​ခံရ​ပါက သင့်​အတွက် သာ၍​ကောင်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 ထို့ကြောင့် သင်​၏ လက်ယာ​မျက်စိ​သည် ထို​တဏှာစိတ်​ကို ဖြစ်စေ​ပါက ထုတ်ယူ​၍ လွှင့်ပစ်လော့။ ခန္ဓာ​တစ်ခုလုံး ငရဲ​သို့ ချခံရခြင်း​ထက် အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​ကို ဆုံးရှုံးရခြင်း​သည် ပို​၍ ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:29
22 ပူးပေါင်းရင်းမြစ်များ  

တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။-


ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြန်​ပြော​တော်​မူ၏။-


လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။-


ရှေ့​ဦး​စွာ​ရ​သော​ငါး​ကို ယူ၍ ပါး​စပ်​ကို​ဖွင့်​လျှင်၊ သ​တာ​တဲ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အ​ဖို့​နှင့် သင့်​အ​ဖို့ ထို​သူ​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။


လူ​အ​ချို့​တို့​သည် အ​မိ​ဝမ်း​တွင်း​က​ပင် မိန်း​မ​လျှာ​ဖြစ်​ကြ၏။ အ​ချို့​တို့​သည် သူ​တစ်​ပါး​ဆုံး​မ၍ မိန်း​မ​လျှာ ဖြစ်​ကြ၏။ အ​ချို့​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်​အ​ဖို့ အ​လို့​ငှာ မိ​မိ​ကိုယ်​ကို​ဆုံး​မ၍ မိန်း​မ​လျှာ​ဖြစ်​ကြ၏။ ထို​စ​ကား​ကို ခံ​ယူ​နိုင်​သော​သူ​သည် ခံ​ယူ​စေ​ဟု မိန့်​တော်​မူ၏။


လျှို့​ဝှက်​သော​ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ လူ​တစ်​ယောက်​ကို​ပင် ဘာ​သာ​သွင်း​ခြင်း​ငှာ ကုန်း​ကြောင်း​ရေ​ကြောင်း ပတ်​ပတ်​လှည့်​လည်၍ ဘာ​သာ​သွင်း​ပြီး​သော​သူ​ကို​လည်း၊ မိ​မိ​တို့​ထက် နှစ်​ဆ​သော​င​ရဲ​သား ဖြစ်​စေ​ကြ၏။


မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် အ​ပြစ်​င​ရဲ​မှ အ​ဘယ်​သို့ လွတ်​နိုင်​ကြ​မည်​နည်း။


ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။-


ထို​နည်း​တူ လက်​ယာ​လက်​ဖြစ်​သော်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။ တစ်​ကိုယ်​လုံး င​ရဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​တစ်​ခု​သာ ပျက်​သော်​သာ၍​ကောင်း၏။-


လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ်​ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။-


အ​ဘယ်​သူ​ကို ကြောက်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်​ပြီး​မှ င​ရဲ​ထဲ​သို့ ချ​နိုင်​သော​သူ​ကို ကြောက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​ကို ကြောက်​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ