Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 8:14 - Common Language Bible

14 သူ​တို့​သည်​မော​ရှေ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​ထား​တော်​မူ​သော ပ​ညတ်​ကျမ်း​တွင် သစ်​ခက်​တဲ​နေ​ပွဲ​တော်​အ​ခါ​၌ ဣ​သ​ရေ​လ အ​မျိုး​သား​များ​သည်​ယာ​ယီ​တဲ​များ​တွင် နေ​ထိုင်​ကြ​ရ​မည်​ဖြစ်​ကြောင်း​ပြ​ဋ္ဌာန်း ထား​သည်​ကို​တွေ့​ရှိ​ကြ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14-15 ပ ဌ မ လ ပူ ဇော် ပွဲ တွင်၊ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ တဲ၌ တည်း ခို ကြ ရ မည့် အ ကြောင်း နှင့်၊ တောင် ပေါ် သို့ တက်၍၊ သံ လွင် အ ယဉ် အ ရိုင်း၊ ကျောက် ပန်း၊ စွန် ပ လွံ မှ စ သော အ ရွက် ဖြာ သည့် အ ခက် အ လက် များ ကို၊ ကျမ်း ဆို ချက် အ တိုင်း ယူ ဆောင် တဲ ထိုး ကြ လော့ ဟု၊ ယေ ရု ရှ လင် မြို့ နှင့် တ ကွ မြို့ ရွာ တိုင်း ကြော် ငြာ ကြ ရ မည့် အ ကြောင်း၊ မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် ကို ပ ည တ္တိ ကျမ်း၌ တွေ့ ကြ သည် နှင့် အ ညီ၊ မြို့ သား တို့ ထွက် သွား ဆောင် ယူ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သ​တ္တ​မ​လ​ပွဲ​ကို​ခံ​ကြ​စဉ်၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ၌ နေ​ရ​ကြ​မည်​ဟု မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​ကြောင်း​ကို တွေ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ပညတ်တရားကျမ်း​၌ သတ္တမ​လ​ပွဲခံ​ချိန်​တွင် အစ္စရေး​အမျိုးသား​တို့​သည် ယာယီတဲ​၌​နေ​ရ​ကြ​မည်​ဟု ရေးသား​ထား​သည်​ကို တွေ့ရှိ​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 8:14
8 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​က​မူ​သု​ကုတ်​အ​ရပ်​သို့​သွား​၍ ထို အ​ရပ်​တွင်​သူ​နေ​ထိုင်​ရန်​အိမ်​နှင့်​တိ​ရစ္ဆာန် များ​အ​တွက် တင်း​ကုပ်​များ​ကို​တည်​ဆောက် လေ​၏။ ထို​ကြောင့်​ထို​အ​ရပ်​ကို​သု​ကုတ်​ဟု ခေါ်​တွင်​လေ​သည်။


သူ​တို့​သည်​စည်း​မျဉ်း​သတ်​မှတ်​ချက်​များ​ရှိ သည့်​အ​တိုင်း တဲ​နေ​ပွဲ​ကို​ကျင်း​ပ​ကြ​၏။ နေ့ စဉ်​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း​ပူ​ဇော် ကြ​၏။-


နောက်​တစ်​နေ့​၌​သား​ချင်း​စု​ခေါင်း​ဆောင်​များ သည် ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​အ​တူ ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ရန် ဧ​ဇ​ရ​ထံ​သို့​လာ​ရောက်​ကြ​၏။-


ယု​ဒ​အ​မျိုး​သား​တို့​၏​သစ်​ခက်​တဲ​နေ့​ကောက် သိမ်း​ပွဲ​တော်​အ​ခါ​ကား​နီး​ကပ်​၍​လာ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ