နေဟမိ 8:14 - မြန်မာ့စံမီသမ္မာကျမ်း14 မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော ပညတ်တရားကျမ်း၌ သတ္တမလပွဲခံချိန်တွင် အစ္စရေးအမျိုးသားတို့သည် ယာယီတဲ၌နေရကြမည်ဟု ရေးသားထားသည်ကို တွေ့ရှိကြလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 သူတို့သည်မောရှေအားဖြင့်ထာဝရဘုရား ပေးအပ်ထားတော်မူသော ပညတ်ကျမ်းတွင် သစ်ခက်တဲနေပွဲတော်အခါ၌ ဣသရေလ အမျိုးသားများသည်ယာယီတဲများတွင် နေထိုင်ကြရမည်ဖြစ်ကြောင်းပြဋ္ဌာန်း ထားသည်ကိုတွေ့ရှိကြရ၏။- အခန်းကိုကြည့်ပါ။Garrad Bible14-15 ပ ဌ မ လ ပူ ဇော် ပွဲ တွင်၊ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ တဲ၌ တည်း ခို ကြ ရ မည့် အ ကြောင်း နှင့်၊ တောင် ပေါ် သို့ တက်၍၊ သံ လွင် အ ယဉ် အ ရိုင်း၊ ကျောက် ပန်း၊ စွန် ပ လွံ မှ စ သော အ ရွက် ဖြာ သည့် အ ခက် အ လက် များ ကို၊ ကျမ်း ဆို ချက် အ တိုင်း ယူ ဆောင် တဲ ထိုး ကြ လော့ ဟု၊ ယေ ရု ရှ လင် မြို့ နှင့် တ ကွ မြို့ ရွာ တိုင်း ကြော် ငြာ ကြ ရ မည့် အ ကြောင်း၊ မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် ကို ပ ည တ္တိ ကျမ်း၌ တွေ့ ကြ သည် နှင့် အ ညီ၊ မြို့ သား တို့ ထွက် သွား ဆောင် ယူ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible14 သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေအားဖြင့် ထာဝရဘုရား ထားတော်မူသော ပညတ္တိကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။ အခန်းကိုကြည့်ပါ။ |