Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 8:13 - Common Language Bible

13 နောက်​တစ်​နေ့​၌​သား​ချင်း​စု​ခေါင်း​ဆောင်​များ သည် ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​အ​တူ ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ရန် ဧ​ဇ​ရ​ထံ​သို့​လာ​ရောက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ဒု တိ ယ နေ့ ရက် တွင်၊ တစ် မျိုး လုံး ဆိုင် ရာ အိမ် ထောင် အ အုပ် အ ချုပ် များ၊ ပ ရော ဟိတ် များ၊ လေ ဝိ ဂိုဏ်း သား များ တို့ သည်၊ ပညတ္တိ ကျမ်း ချက် ကို ကျွမ်း ကျင် လိမ္မာ ရန်၊ ကျမ်း တတ် ဆ ရာ ဧ ဇ ရ ထံ စု ရုံး ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ဒု​တိ​ယ​နေ့​ရက်​တွင်၊ အ​ဆွေ​အ​မျိုး သူ​ကြီး​များ​တို့​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို နား​လည်​အံ့​သော​ငှာ၊ ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ထံ၌ စည်း​ဝေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ဒုတိယ​နေ့​တွင် လူ​အပေါင်း​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​တို့​နှင့်တကွ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​သား​များ​သည် ပညတ်တရား​စကား​များ​ကို လေ့လာသင်ယူ​ရန် ကျမ်းပြုဆရာ​ဧဇရ​ထံ စုဝေး​လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 8:13
13 ပူးပေါင်းရင်းမြစ်များ  

နောက်​ထပ်​ခု​နစ်​ရက်​ကျင်း​ပ​ရန်​ဆုံး​ဖြတ်​ကြ လျက် ထို​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ဆက်​လက်​ကျင်း​ပ​ကြ​ကုန်​၏။-


သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​ကြား​ခဲ့​ရ သော​ကျမ်း​စ​ကား​ကို​နား​လည်​သ​ဘော ပေါက်​သ​ဖြင့် မိ​မိ​တို့​အိမ်​သို့​ပြန်​၍​ပျော်​ရွှင် စွာ​စား​သောက်​လျက် အ​စား​အ​စာ​ကို​သူ တစ်​ပါး​အား​ဝေ​မျှ​ကြ​၏။


သူ​တို့​သည်​မော​ရှေ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​ထား​တော်​မူ​သော ပ​ညတ်​ကျမ်း​တွင် သစ်​ခက်​တဲ​နေ​ပွဲ​တော်​အ​ခါ​၌ ဣ​သ​ရေ​လ အ​မျိုး​သား​များ​သည်​ယာ​ယီ​တဲ​များ​တွင် နေ​ထိုင်​ကြ​ရ​မည်​ဖြစ်​ကြောင်း​ပြ​ဋ္ဌာန်း ထား​သည်​ကို​တွေ့​ရှိ​ကြ​ရ​၏။-


နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။


သူ​တို့​က ``လမ်း​ခ​ရီး​တွင်​ကိုယ်​တော်​သည်​ငါ​တို့ အား​စ​ကား​ပြော​တော်​မူ​သော​အ​ခါ​၌​လည်း​ကောင်း၊ ကျမ်း​စာ​တော်​၏​အ​နက်​ကို​ဖွင့်​ပြ​တော်​မူ​သော အ​ခါ​၌​လည်း​ကောင်း၊ ငါ​တို့​၏​စိတ်​နှ​လုံး​တွင် မီး​လျှံ​ထ​သ​ကဲ့​သို့​ဖြစ်​နေ​ခဲ့​သည်​မ​ဟုတ် ပါ​လော'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။


တ​ရား​ဇ​ရပ်​မှ​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ထွက်​ခွာ လာ​ကြ​စဉ် လူ​တို့​က​မိ​မိ​တို့​အား​နောက်​လာ မည့်​ဥ​ပုသ်​နေ့​၌ ဤ​အ​ကြောင်း​အ​ရာ​များ​ကို တစ်​ဖန်​ဟော​ပြော​ရန်​တောင်း​ပန်​ကြ​၏။-


ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လူ​တို့​အား ဟော​ပြော​လျက်​နေ​ကြ​စဉ်​ယဇ်​ပု​ရော​ဟိတ် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့်​ဇဒ္ဒုကဲ များ​သည်​ရောက်​လာ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ