Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 2:15 - Common Language Bible

15 ငါ​သည်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​၍ မြည်း​စီး​ပြီး​လျှင်​မြို့​ရိုး​ကို​စစ်​ဆေး ကြည့်​ရှု​၏။ ထို​နောက်​လာ​လမ်း​အ​တိုင်း ပြန်​ပြီး​လျှင်​ချိုင့်​ဝှမ်း​တံ​ခါး​မှ​နေ​၍ မြို့​ထဲ​သို့​ဝင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ညဉ့် ချင်း ပင် ချောင်း လမ်း ဖြင့် စီး သွား၍၊ မြို့ ရိုး ကို ကြည့် ရှု ဆင် ခြင် ပြီး နောက်၊ ချိုင့် တံ ခါး မှ ပြန် ဝင် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 တစ်​ဖန် ထို​ည၌ ချောင်း​နား​တွင်​လျှောက်​သွား၍၊ မြို့​ရိုး​ကို ကြည့်​ရှု​ပြီး​မှ၊ ချိုင့်​တံ​ခါး​ဖြင့်​လှည့်၍ ဝင်​ပြန်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို့ကြောင့် ထို​ည​၌​ပင် ချောင်း​နား​သို့​သွား​၍ မြို့ရိုး​ကို ကြည့်ရှု​စစ်ဆေး​ပြီးလျှင် ပြန်လှည့်​လာ​ပြီး ချိုင့်ဝှမ်းလွင်ပြင်​တံခါး​မှ ပြန်​ဝင်လာ​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 2:15
6 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​သူ​များ​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပြည်​သူ​ပြည်​သား​တို့​သည်​အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ မင်း​ကြီး​နှင့်​နောက်​လိုက် အ​ပေါင်း​တို့​သည်​ကေ​ဒြုန်​ချောင်း​ကို​ကူး​၍ တော​ကန္တာ​ရ​သို့​ရှေ့​ရှု​သွား​ကြ​လေ​သည်။


သြ​ဇိ​သည်​မြို့​ရိုး​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး​နှင့် မြို့​ရိုး​ထောင့်​ထိပ်​တို့​တွင်​မျှော်​စင်​များ​ကို​တည် ဆောက်​ခြင်း​အား​ဖြင့် ယေ​ရု​ရှ​လင်​ကို​ခိုင်​ခံ့ အောင်​ပြု​တော်​မူ​၏။-


အ​ဘယ်​အ​ရပ်​သို့​ငါ​သွား​ရောက်​ခဲ့​သည်၊ အ​ဘယ်​အ​မှု​ကို​ပြု​ခဲ့​သည်​တို့​ကို​မြို့​ထဲ မှာ​အ​ဘယ်​အ​ရာ​ရှိ​မျှ​မ​သိ​ချေ။ ယ​နေ့ တိုင်​အောင်​ငါ​သည်​ဤ​အမှု​ကိစ္စ​အ​ကြောင်း ကို​မျှ​ယု​ဒ​အ​မျိုး​သား​များ​ဖြစ်​ကြ သော​ယဇ်​ပု​ရော​ဟိတ်​များ၊ ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ ငါ​၏​အ​လုပ်​တွင်​ပါ​ဝင် ဆောင်​ရွက်​ကြ​မည့်​အ​ခြား​သူ​များ​အား ပြော​မ​ပြ​ရ​သေး။-


ဟာ​နုန်​နှင့်​ဇာ​နော​မြို့​သား​တို့​သည် ချိုင့် တံ​ခါး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​လျှင် တံ​ခါး​ရွက်​များ၊ တံခါး​ပိတ်​ရန်​မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​ကြ​၏။ ထို့​နောက်​မြို့​ရိုး​ပေ​တစ်​ထောင့်​ငါး​ရာ​ကို အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​ပြင်​ဆင်​ကြ​၏။


ဤ​သို့​ဆု​တောင်း​တော်​မူ​ပြီး​နောက်​ကိုယ်​တော် သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​တော်​မူ​၏။ ထို​အ​ရပ် တွင်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ သ​ခင်​ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​သည် ထို​ဥ​ယျာဉ်​ထဲ​သို့​ဝင် ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ