နေဟမိ 2:16 - Common Language Bible16 အဘယ်အရပ်သို့ငါသွားရောက်ခဲ့သည်၊ အဘယ်အမှုကိုပြုခဲ့သည်တို့ကိုမြို့ထဲ မှာအဘယ်အရာရှိမျှမသိချေ။ ယနေ့ တိုင်အောင်ငါသည်ဤအမှုကိစ္စအကြောင်း ကိုမျှယုဒအမျိုးသားများဖြစ်ကြ သောယဇ်ပုရောဟိတ်များ၊ ခေါင်းဆောင်များ၊ အရာရှိများ၊ ငါ၏အလုပ်တွင်ပါဝင် ဆောင်ရွက်ကြမည့်အခြားသူများအား ပြောမပြရသေး။- အခန်းကိုကြည့်ပါ။Garrad Bible16 မည် သို့ သွား သည်၊ မည် သို့ ကြံ စည် သည် ကို အ ရာ ရှိ တို့ မ သိ။ ယု ဒ အ သည် သား၊ ပ ရော ဟိတ်၊ မှူး မတ်၊ အ ရာ ရှိ မှ စ၍၊ လုပ် ဆောင် အံ့ သူ တစ် စုံ တစ် ယောက် အား မျှ၊ ကိုယ့် အ ကြံ ကို မ ဖော် မ ပြ သေး။ အခန်းကိုကြည့်ပါ။Judson Bible16 အဘယ်အရပ်သို့သွားသည်၊ အဘယ်သို့ပြုသည်ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သောသူ တစ်စုံတစ်ယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ဂျူးလူမျိုးများ၊ ယဇ်ပုရောဟိတ်များ၊ မှူးမတ်များ၊ မင်းအရာရှိများနှင့် အခြားအလုပ်သမားများကို ဘာမျှ ငါမပြောပြသေးသဖြင့် မည်သည့်နေရာသို့ ငါသွား၍ မည်သည့်အရာပြုသည်ကို မင်းအရာရှိတို့သည် မသိကြပေ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ယခုငါသည်သူတို့အား``ယေရု ရှလင်မြို့သည်ယိုယွင်းပျက်စီးလျက်မြို့ရိုး များသည်လည်းပြိုကျလျက်နေသဖြင့် ငါ တို့အဘယ်သို့ဒုက္ခရောက်နေသည်ကိုသင် တို့သိကြ၏။ ငါတို့ဆက်လက်၍အရှက်ကွဲ ခြင်းမခံရစေရန်မြို့ရိုးတို့ကိုပြန်လည် ပြုပြင်ကြကုန်အံ့'' ဟုပြောဆိုပြီးလျှင်၊-