တောလည် 21:33 - Common Language Bible33 ထိုနောက်ဣသရေလအမျိုးသားတို့သည် ဗာရှန် ပြည်ကိုဦးတည်ချီတက်ကြလေသည်။ ထိုအခါ ဗာရှန်ပြည်ဘုရင်သြဃသည်စစ်ချီ၍ ဣသ ရေလအမျိုးသားတို့ကိုဧဒြိအရပ်တွင် တိုက်ခိုက်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible33 လှည့် လျက် ဗာ ရှန် ပြည် လမ်း ဖြင့် ချီ တက် ကြ သည့် ကာ လ ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း သည် အ လုံး အ ရင်း ရှိ သ မျှ ပါ ဆီး ဆို့ တိုက် ခိုက် ရန် ဧ ဒြိ မြို့ သို့ ချီ ထွက် သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible33 တစ်ဖန် ဣသရေလအမျိုးသားတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃသည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှာ ချီသွား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း33 အစ္စရေးလူမျိုးတို့သည် ဗာရှန်ပြည်လမ်းသို့ လှည့်၍တက်သွားကြ၏။ ဗာရှန်ဘုရင်ဩဃမင်းကြီးသည် မိမိ၏လူအပေါင်းတို့နှင့်အတူ အစ္စရေးလူမျိုးတို့ကို ဆီးတားတိုက်ခိုက်ရန် ဧဒြိအရပ်သို့ ထွက်လာ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်က``သင်တို့သည်ရန်သူများ၏ သွေးအိုင်တွင်လျှောက်သွားနိုင်ကြစေရန်နှင့် သင်တို့၏ခွေးများသည်သူတို့၏သွေးကို အလိုရှိသမျှလျက်သောက်နိုင်ကြစေရန် သူတို့အားဗာရှန်ပြည်မှငါပြန်လည်ခေါ်ဆောင် ခဲ့မည်။ သမုဒ္ဒရာရေနက်ကြီးထဲမှပြန်လည်ခေါ်ဆောင် ခဲ့မည်'' ဟုမိန့်တော်မူ၏။
ထိုပွဲသည်ကြီးကျယ်သောစားသောက်ပွဲ ဖြစ်၍သူတို့သည် စစ်သူရဲတို့၏အသား ကိုစား၍ပြည်ရှင်မင်းတို့၏သွေးကိုသောက် ရကြလိမ့်မည်။ ထိုစစ်သူရဲများနှင့်ပြည် ရှင်မင်းတို့သည်ဘာရှန်ပြည်မှဆူဖြိုးသော တိရစ္ဆာန်များဖြစ်သည့် သိုးထီး၊ သိုးငယ်၊ ဆိတ် များ၊ နွားများကဲ့သို့အသတ်ခံရကြ လိမ့်မည်။-