တောလည် 21:33 - မြန်မာ့စံမီသမ္မာကျမ်း33 အစ္စရေးလူမျိုးတို့သည် ဗာရှန်ပြည်လမ်းသို့ လှည့်၍တက်သွားကြ၏။ ဗာရှန်ဘုရင်ဩဃမင်းကြီးသည် မိမိ၏လူအပေါင်းတို့နှင့်အတူ အစ္စရေးလူမျိုးတို့ကို ဆီးတားတိုက်ခိုက်ရန် ဧဒြိအရပ်သို့ ထွက်လာ၏။ အခန်းကိုကြည့်ပါ။Common Language Bible33 ထိုနောက်ဣသရေလအမျိုးသားတို့သည် ဗာရှန် ပြည်ကိုဦးတည်ချီတက်ကြလေသည်။ ထိုအခါ ဗာရှန်ပြည်ဘုရင်သြဃသည်စစ်ချီ၍ ဣသ ရေလအမျိုးသားတို့ကိုဧဒြိအရပ်တွင် တိုက်ခိုက်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible33 လှည့် လျက် ဗာ ရှန် ပြည် လမ်း ဖြင့် ချီ တက် ကြ သည့် ကာ လ ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း သည် အ လုံး အ ရင်း ရှိ သ မျှ ပါ ဆီး ဆို့ တိုက် ခိုက် ရန် ဧ ဒြိ မြို့ သို့ ချီ ထွက် သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible33 တစ်ဖန် ဣသရေလအမျိုးသားတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃသည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာစစ်တိုက်ခြင်းငှာ ချီသွား၏။ အခန်းကိုကြည့်ပါ။ |