Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 21:29 - Common Language Bible

29 မော​ဘ​ပြည်​သား​တို့​သင်​တို့​သည်​အ​လွန် ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ​ပါ​ပြီ​တ​ကား။ ခေ​မု​ရှ​ဘု​ရား​ကို​ကိုး​ကွယ်​သော​အ​သင်​တို့ ပျက်​စီး​ရ​ကြ​လေ​ပြီ။ သင်​တို့​၏​ဘု​ရား​များ​သည်​သင်​တို့​၏​အ​မျိုး သား​များ​ကို စစ်​ပြေး​ဒုက္ခ​သည်​များ​ဖြစ်​စေ​၍၊ အ​မျိုး​သ​မီး​များ​ကို​အာ​မော​ရိ​ဘု​ရင်​၏ သုံ့​ပန်း​များ​ဖြစ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 အို မော ဘ ပြည်၊ သင် သည် အ မင်္ဂ လာ ရှိ၏။ အို ခေ မု ရှ တ ပည့် သား တို့၊ ပျက် ပြား ကြ လေ ပြီ။ ထို ဘု ရား သည် တ ပည့် သား တို့ ကို ပြေး ရ သူ အ ဖြစ်၊ တ ပည့် သ မီး တို့ ကို သုံ့ ဘမ်း သူ အ ဖြစ် အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း ထံ အပ် ရ လေ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 အို​မော​ဘ​ပြည်၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို​ခေ​မု​ရှ​တ​ပည့်​တို့၊ သင်​တို့​သည် အ​ကျိုး​နည်း​ကြ​ပြီ။ ပြေး​ရ​သော​မိ​မိ​သား​သ​မီး​တို့​ကို အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​လက်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​ဘု​ရား​သည် အ​ခွင့်​ပေး​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 အို မောဘ​ပြည်​၊ သင်​၌ အမင်္ဂလာ​ရှိ​၏​။ အို ခေမုရှ​ဘုရား​၏​လူ​တို့​၊ သင်​တို့​ပျက်စီး​လေ​ပြီ​။ ခေမုရှ​ဘုရား​သည် မိမိ​သား​များ​ကို ဝရမ်းပြေး​အဖြစ်​၊ မိမိ​သမီး​များ​ကို သုံ့ပန်း​အဖြစ် အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​အား ပေးအပ်​လေ​ပြီ​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 21:29
12 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​ငါ​ပြု​ရ​မည့်​အ​ကြောင်း​မှာ​ရှော​လ​မုန်​သည် ငါ့​ကို​ပစ်​ပယ်​၍ ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ အမ္မုန်​ဘု​ရား​မိ​လ​ကုံ တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​သော​ကြောင့်​ဖြစ်​၏။ ရှော​လ​မုန်​သည်​ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် လေ​ပြီ။ သူ​သည်​မ​ကောင်း​မှု​ကို​ပြု​၍​ငါ​၏ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့​ကို​သူ​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​နာ​ခံ​သ​ကဲ​သို့​မ​နာ​ခံ။-


ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ဘက်​ရှိ​တောင်​ပေါ်​တွင် စက် ဆုပ်​ဖွယ်​ကောင်း​သည့်​မော​ဘ​ဘု​ရား၊ ခေ​မု​ရှ​နှင့် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အမ္မုန်​ဘု​ရား​မော​လုတ် အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​ကို​လည်း​ကောင်း တည်​ဆောက်​လေ​သည်။-


ယော​ရှိ​သည်​ယေ​ရု​ရှ​လင်​မြို့​၏​အ​ရှေ့၊ သံ လွင်​တောင်​၏​တောင်​ဘက်​၌​ဇိ​ဒုန်​ဘု​ရား​အာ​ရှ တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့်​အမ္မုန်​ဘု​ရား မော​လုတ်​တို့​ကို​ကိုး​ကွယ်​ရန် ရှော​လ​မုန်​မင်း​ကြီး တည်​ဆောက်​ခဲ့​သော​ယဇ်​ပလ္လင်​များ​ကို​လည်း ညစ်​ညမ်း​စေ​တော်​မူ​၏။-


ငါ​သည်​မော​ဘ​ပြည်​အ​တွက်​ငို​ကျွေး​၏။ ပြည် သူ​တို့​သည်​ဇော​ရ​မြို့​ဧ​ဂ​လတ်​ရှ​လိ​ရှိ​ယ အ​ထိ​ထွက်​ပြေး​ကြ​၏။ အ​ချို့​သော​သူ​တို့ သည်​မျက်​ရည်​ကျ​လျက် လု​ဟိတ်​တောင်​လမ်း အ​တိုင်း​တက်​သွား​ကြ​၏။ အ​ချို့​တို့​က​မူ ဝမ်း​နည်း​အော်​ဟစ်​ငို​ကြွေး​ကာ ဟော​ရ​နိမ် မြို့​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-


သူ​တို့​သည်​အာ​နုန်​မြစ်​ကမ်း​ပေါ်​တွင်​စောင့် ဆိုင်း​လျက်​နေ​စဉ် အ​သိုက်​ကို​စွန့်​ခွာ​ခဲ့​ရ​သည့် ငှက်​များ​ကဲ့​သို့ ခြေ​ဦး​တည့်​ရာ​ခေါက်​တုံ့ ခေါက်​ပြန်​သွား​လာ​လျက်​နေ​ကြ​၏။


ထို​အ​ခါ​မိ​မိ​တို့​ယုံ​ကြည်​ခဲ့​ကြ​သော​ဗေ​သ​လ ဘု​ရား​ကို ဣ​သ​ရေ​လ​အမျိုး​သား​တို့​စိတ်​ပျက် ကြ​သ​ကဲ့​သို့ မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့ ၏​ခေ​မု​ရှ​ဘု​ရား​ကို​လည်း​စိတ်​ပျက်​ကြ​လိမ့် မည်။


ခို​ကိုး​ရာ​မဲ့​ဒုက္ခ​သည်​များ​သည်​ဟေ​ရှ​ဘုန် မြို့​တွင်​ခို​လှုံ​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင် အ​ခါ​တစ်​ပါး​က​ရှိ​ဟုန်​မင်း​နန်း​စံ​ခဲ့​သည့် ဟေ​ရှ​ဘုန်​မြို့​သည်​မီး​ဟုန်း​ဟုန်း​ထ​၍​နေ လေ​သည်။ မီး​သည်​စစ်​မက်​ဝါ​သ​နာ​ပါ​သည့် မောဘ​ပြည်​သူ​တို့​၏​နယ်​ခြား​ဒေ​သ​များ​နှင့် တောင်​ထိပ်​များ​ကို​ကျွမ်း​လောင်​စေ​လေ​ပြီ။-


မော​ဘ​ပြည်​သူ​တို့​အား​က​ရု​ဏာ​သက်​ကြ လော့။ ခေ​မု​ရှ​ဘု​ရား​ကို​ရှိခိုး​ဝတ်​ပြု​သူ​တို့ သည်​သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ လေ​ပြီ။ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ လေ​ပြီ။


``အို မော​ဘ​ပြည်၊သင်​သည်​မိ​မိ​၏​အင်​အား​နှင့် စည်း​စိမ်​ချမ်း​သာ​ကို​အား​ကိုး​၏။ သို့​ရာ​တွင်​ယ​ခု​သင်​သည်​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​လိမ့်​မည်။ သင်​၏​ဘု​ရား​ခေ​မု​ရှ​သည်​လည်း​သူ​၏​မင်း သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ပြည်​နှင်​ဒဏ် သင့်​ရ​ပေ​တော့​အံ့။


ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။


သင်​သည်​ထို​နယ်​မြေ​ကို​ပြန်​လည်​ရ​ယူ​ရန် ကြိုး​စား​ပါ​မည်​လော။ သင်​၏​ဘု​ရား​ခေ​မု​ရှ ပေး​အပ်​သ​မျှ​နယ်​မြေ​ကို​သင်​သိမ်း​ပိုက်​ထား နိုင်​ပါ​၏။ ငါ​တို့​အ​တွက်​ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သိမ်း​ယူ​တော်​မူ​သော​နယ် မြေ​ရှိ​သ​မျှ​ကို​ငါ​တို့​သိမ်း​ပိုက်​ထား​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ