ဆာလံ 81:5 - Common Language Bible5 ကိုယ်တော်သည်အီဂျစ်ပြည်ကိုတိုက်ခိုက်တော် မူစဉ်က ယင်းအမိန့်ကိုဣသရေလအမျိုးသားတို့အား ပေးတော်မူ၏။ မသိမကျွမ်းသောအသံကိုငါကြားရ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 အိ ဂျစ် ပြည် ပေါ် တွင် ကြွ တော် မူ ရာ၊ ယော သပ် အ နွယ် ၌ သက် သေ ခံ ချက် ကို ထို သို့ စီ ရင် တော် မူ သ တည်း။ မ သိ မ ကျွမ်း သော ဘာ သာ ကို ငါ ကြား ရ မည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible5 နားမလည်သောစကားကို ကြားရာအရပ်၊ အဲဂုတ္တုပြည်တစ်ဖက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သောသက်သေခံချက်ကို စီရင်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ကိုယ်တော်သည် အီဂျစ်ပြည်ကိုဆန့်ကျင်ရန် ကြွတော်မူသောအခါ ထိုအရာကို ယောသပ်အမျိုးအတွက် သက်သေခံချက်အဖြစ် တည်စေတော်မူ၏။ ငါမသိမကျွမ်းသောဘာသာစကားကို ငါကြားရ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
သူတို့သည်အီဂျစ်ပြည်မှထွက်လာပြီး နောက် ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဘက်တွင်ရှိသောချိုင့်ဝှမ်း၌ရောက်ရှိနေ ကြစဉ်မောရှေသည် ပညတ်တော်များကိုပြဋ္ဌာန်း ပေးသည်။ ထိုအရပ်သည်ဟေရှဘုန်မြို့တွင် စိုးစံသောအာမောရိဘုရင်ရှိဟုန်၏ပိုင်နက် ဖြစ်ခဲ့သည်။ မောရှေနှင့်ဣသရေလအမျိုး သားတို့သည်အီဂျစ်ပြည်မှထွက်လာပြီး သည့်နောက်ထိုဘုရင်ကိုနှိမ်နင်း၍၊-