ဆာလံ 71:10 - Common Language Bible10 ကျွန်တော်မျိုး၏ရန်သူများသည်ကျွန်တော် မျိုးအား သတ်လိုကြသဖြင့်ဆွေးနွေးကြံစည်ကြ ပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible10-11 ရန် သူ တို့ သည်၊ အ ကျွန်ုပ် ကို ရည် လျက်၊ အ သက် ကို ချောင်း မြောင်း သူ တို့ လည်း၊ တိုင် ပင် လျက်၊ ဘု ရား သ ခင် စွန့် တော် မူ ပြီ။ လွတ် မြောက် ခွင့် မဲ့ သော ထို သူ့ ကို၊ လိုက် လံ ဖမ်း ဆီး ကြ ကုန် အံ့ ဟု ပြော ဆို ကြ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ရန်သူတို့သည် အကျွန်ုပ်တစ်ဖက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ်အသက်ကို ချောင်းကြည့်သောသူတို့က၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 အကြောင်းမူကား အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်ပြောဆိုကြပါ၏။ အကျွန်ုပ်အသက်ကို စောင့်ကြည့်နေသောသူတို့သည်လည်း အတူတကွလျှို့ဝှက်ကြံစည်ကြလျက် အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
ထိုညဥ့်၌ပင်လျှင်ဒါဝိဒ်၏အိမ်ကိုစောင့်ကြည့် ရန်နှင့် နောက်တစ်နေ့နံနက်၌ဒါဝိဒ်ကိုသတ် ရန်ရှောလုသည် လူအချို့တို့ကိုစေလွှတ်လိုက်၏။ ဒါဝိဒ်၏ဇနီးမိခါလသည်ဒါဝိဒ်အား``အရှင်၊ သင်သည်ယနေ့ညဥ့်၌ပင်ထွက်ပြေးပါလော့။ သို့မဟုတ်ပါကနက်ဖြန်ခါအသတ်ခံရပါ လိမ့်မည်'' ဟုသတိပေးပြီးနောက်၊-