Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 54:3 - Common Language Bible

3 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တိုက်​ခိုက်​ရန်​လာ​ကြ​ပါ​ပြီ။ ဘု​ရား​ကို​ပ​မာ​ဏ​မ​ပြု​သည့် ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​သည်​ကျွန်​တော်​မျိုး အား သတ်​ရန်​ကြိုး​စား​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 နိုင် ငံ ခြား သား တို့ သည်၊ အ ကျွန်ုပ် တစ် ဘက်၌ ထ ကြွ ခြင်း ကိုလည်း ကောင်း၊ ကြမ်း ကြုတ် သူ တို့ သည် အ သက် အ န္တ ရာယ် ရှာ ကြံ ခြင်း ကို လည်း ကောင်း၊ ဘု ရား သ ခင် အား ဂ ရု မ စိုက် ဘဲ ပြု ကြ လေ စွ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​ကြောင်း​မူ​ကား၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် အ​ကျွန်ုပ်​ကို​ရန်​ဘက်​ပြု၍ ထ​ကြ​ပါ​ပြီ။ ကြမ်း​တမ်း​သော​သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ကို ရှာ​ကြ​ပါ၏။ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို မ​ထောက်​ကြ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အကြောင်းမူကား သူစိမ်း​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက်​ထကြွ​ကြ​ပါ​၏​။ ကြမ်းကြုတ်​သော​သူ​တို့​သည်​လည်း အကျွန်ုပ်​အသက်​ကို​ရန်ရှာ​ကြ​ပါ​၏​။ သူ​တို့​သည် ဘုရားသခင်​ကို ဦးထိပ်ထား​ခြင်း​မ​ရှိ​ကြ​ပါ​။(​စေလာ)

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 54:3
13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ကို ငါ​အ​စဉ်​သိ​၏။ ကိုယ်​တော်​သည်​ငါ​၏​အ​နီး​၌​ရှိ​တော်​မူ​သ​ဖြင့် အ​ဘယ်​အ​ရာ​မျှ​ငါ့​ကို​တုန်​လှုပ်​စေ​နိုင်​မည် မ​ဟုတ်​ပါ။


ကိုယ်​တော်​သည်​အ​ရှင်​မင်း​ကြီး​အား​ဗိ​မာန် တော်​ထဲ​က အ​ကူ​အ​ညီ​ပေး​တော်​မူ​ပါ​စေ​သော။ ဇိ​အုန်​တောင်​တော်​ပေါ်​မှ​အ​ထောက်​အ​ကူ ပေး​တော်​မူ​ပါ​စေ​သော။


လူ​ဆိုး​တစ်​စု​သည်​ကျွန်​တော်​မျိုး​ကို ဝိုင်း​ထား​ကြ​ပါ​၏။ သူ​တို့​သည်​တော​ခွေး​အုပ်​ကဲ့​သို့​ကျွန်​တော်​မျိုး အ​နီး​သို့​ချဉ်း​ကပ်​လာ​ပြီး​လျှင် ကျွန်​တော်​မျိုး​၏​ခြေ​လက်​များ​ကို​ကိုက်​ဖြတ် ကြ​ပါ​၏။


သူ​ယုတ်​မာ​၏​စိတ်​နှ​လုံး​အ​တွင်း​၌ အ​ပြစ်​ဒု​စ​ရိုက်​သည်​တီး​တိုး​လှုံ့​ဆော်​လျက်​နေ​တတ်​၏။ ထို​သူ​သည်​ဘု​ရား​ကို​ပစ်​ပယ်​တတ်​၏။ ကိုယ်​တော်​ကို​လည်း​မ​ကြောက်​မ​ရွံ့​တတ်။


ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ တို့​သည် လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​၍​က​စဥ့်​က​ရဲ​ဖြစ်​ကြ ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏​ဒုက္ခ​များ​ကို​အ​ကြောင်း​ပြု​၍ ဝမ်း​မြောက်​ကြ​သူ​တို့​သည်​တပ်​လန်​၍ အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။


အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပါ။ ဘု​ရား​တ​ရား​ကင်း​မဲ့​သူ​တို့​ကို​ဆန့်​ကျင်​လျက် ကျွန်​တော်​မျိုး​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော်​မူ​ပါ။ လိမ်​လည်​ဆိုး​ယုတ်​သူ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။


ဘု​ရား​သ​ခင်​က ``သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။ သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ဝင်​များ​ထံ​မှ လု​ယူ​တိုက်​ခိုက်​၍​အ​သက်​မွေး​ကြ​ကုန်​၏။ ငါ့​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု​ကြ'' ဟု မိန့်​တော်​မူ​၏။


ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​ညီ​အစ်​ကို​တို့​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​ကဲ့​သို့​လည်း​ကောင်း၊ မိ​သား​စု​တွင်​လည်း​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၍​နေ​ပါ​၏။


အို ဘု​ရား​သ​ခင်၊ မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​၏။ ရက်​စက်​ကြမ်း​ကြုတ်​သူ​လူ​တစ်​စု​သည် ကျွန်​တော်​မျိုး​ကို သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ပ​မာ​ဏ​မပြု​ကြ​ပါ။


သူ​တို့​သည်​လည်း​ခ​မည်း​တော်​ကို​မ​သိ၊ ငါ့ ကို​လည်း​မ​သိ​ကြ​သော​ကြောင့်​ဤ​သို့​သင် တို့​အား​ပြု​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ