Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 42:35 - Common Language Bible

35 သူ​တို့​သည်​စ​ပါး​အိတ်​များ​ကို​သွန်​ချ​ကြ သော​အ​ခါ လူ​တိုင်း​က​မိ​မိ​၏​ငွေ​ထုပ်​ကို​မိ​မိ အိတ်​ထဲ​တွင်​တွေ့​ရ​လေ​သော် အ​ဖ​နှင့်​တ​ကွ သား​တို့​သည်​ကြောက်​လန့်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ထို နောက် အိတ် များ ကို ဖောက် သွန် ရာ အ သီး အ သီး တို့ အိတ် များ တွင် ဆိုင် ရာ ငွေ ထုပ် များ ကို တွေ့၍ သူ တို့ နှင့် အ ဘ သည် ၎င်း ငွေ ထုပ် များ ကို မြင် သော အ ခါ ကြောက် လန့် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 မိ​မိ​တို့​အိတ်​များ​အ​ထဲ​က စ​ပါး​ကို​ထုတ်​သော​အ​ခါ၊ အ​သီး​အ​သီး​ဆိုင်​သော ငွေ​ထုပ်​တို့​သည် မိ​မိ​တို့​အိတ်၌​ရှိ​ကြ၏။ ငွေ​ထုပ်​များ​ကို သူ​တို့​နှင့်​အ​ဘ​သည် မြင်​သော​အ​ခါ ကြောက်​လန့်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ထို့နောက် သူ​တို့​သည် မိမိ​တို့​အိတ်​များ​ကို​သွန်ချ​သောအခါ မိမိ​နှင့်ဆိုင်သော​ငွေ​ထုပ်​အသီးသီး​သည် မိမိ​၏​အိတ်​ထဲ၌​ရှိ​၏​။ သူ​တို့​နှင့်​သူ​တို့​၏​ဖခင်​သည် ထို​ငွေ​ထုပ်​များ​ကို​မြင်​သောအခါ ကြောက်လန့်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 42:35
6 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​စ​ပါး​အိတ်​ဝ​များ​၌​ထည့်​ပေး​လိုက် သော​ငွေ​ကို​ပြန်​ပေး​ရ​မည်​ဖြစ်​၍ ငွေ​ကို​နှစ်​ဆ ယူ​သွား​ကြ​လော့။ ပြန်​ထည့်​ပေး​လိုက်​သော​ငွေ မှာ​မှား​ပြီး​ပြန်​ထည့်​ပေး​လိုက်​ဟန်​တူ​သည်။-


သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့​သည်​လက်​ဆောင်​များ နှင့်​ငွေ​နှစ်​ဆ​ကို​ယူ​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ သွား​ကြ​လေ​သည်။ သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် လည်း​လိုက်​ပါ​သွား​လေ​၏။ ထို​ပြည်​သို့​ရောက် သော​အ​ခါ​သူ​တို့​သည်​ယော​သပ်​ထံ​သို့​ဝင် ၍​ခ​စား​ကြ​၏။-


အိမ်​ပြန်​ခရီး​တွင်​စ​ခန်း​ချ​၍​စပါး​အိတ်​များ ကို​ဖွင့်​လိုက်​ရာ တစ်​ယောက်​စီ​၏​အိတ်​ဝ​တွင် မိ​မိ​၏​စပါး​ဖိုး​ငွေ​မ​လျော့​ဘဲ​တွေ့​ရ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ထို​ငွေ​ကို​ယ​ခု​ပြန်​၍ ယူ​ခဲ့​ကြ​ပါ​သည်။-


ယော​သပ်​သည်​အိမ်​တော်​ဝန်​အား``ထို​သူ​တို့ ၏​အိတ်​များ​တွင်​ရိက္ခာ​စပါး​ကို​သူ​တို့​သယ်​နိုင် သ​မျှ​ဖြည့်​ပေး​လော့။ တစ်​ယောက်​စီ​၏​အိတ်ဝ ၌​လည်း​သူ​၏​စပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့။-


ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ