Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 42:34 - Common Language Bible

34 သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့​ခေါ် ဆောင်​ခဲ့​လော့။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ သူ​လျှို​မ​ဟုတ်၊ ရိုး​သား​သူ​များ​ဖြစ်​သည်​ကို ငါ​သိ​နိုင်​မည်။ ထို​နောက်​သင်​တို့​၏​ညီ​ကို​သင် တို့​ထံ​သို့​ငါ​ပြန်​အပ်​မည်။ သင်​တို့​သည်​လည်း ဤ​ပြည်​တွင်​နေ​ထိုင်​၍​ရောင်း​ဝယ်​ဖောက်​ကား နိုင်​ကြ​မည်' '' ဟူ​၍​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 သို့ မှ သင် တို့ သည် သူ လျှို မ ဟုတ်။ လူ ရိုး လူ ကောင်း မှန် သည် ကို ငါ သိ ရ သ ဖြင့် ညီ အစ် ကို ကို အပ် မည်။ သင် တို့ လည်း ပြည် တော်၌ ကူး သန်း ရောင်း ဝယ် ခွင့် ရ ကြ လိမ့် မည် ဟု ဆို ကြောင်း အ ဘ အား လျှောက် ကြား ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည် သူ​လျှို​မ​ဟုတ်၊ ဖြောင့်​မတ်​သော​သူ​ဖြစ်​သည်​ကို ငါ​သိ​လိမ့်​မည်။ သင်​တို့​ညီ​အစ်​ကို ကို​လည်း ငါ​ပြန်၍​အပ်​မည်။ သင်​တို့​သည် ပြည်​တော်၌ ဖောက်​ကား​ရောင်း​ဝယ်​ရ​ကြ​မည်​ဟု​ဆို​ကြောင်း​ကို ကြား​ပြော​ကြ​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 သို့သော် သင်​တို့​၏​အငယ်ဆုံး​ညီ​ကို ငါ့​ထံသို့​ခေါ်ဆောင်​ခဲ့​ကြ​လော့​။ ဤသို့ဖြင့် သင်​တို့​သည် သူလျှို​များ​မ​ဟုတ်​ဘဲ ရိုးသား​သော​သူ​များ​ဖြစ်ကြောင်း ငါ​သိ​ရ​လိမ့်မည်​။ ထိုအခါ သင်​တို့​၏​ညီအစ်ကို​ကို သင်​တို့​ထံ ငါ​ပြန်အပ်​၍ သင်​တို့​သည် ဤ​ပြည်​၌ ရောင်းဝယ်ဖောက်ကား​ခွင့်​ရ​လိမ့်မည်​’​ဟူ၍ မိန့်ဆို​ပါ​သည်​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 42:34
7 ပူးပေါင်းရင်းမြစ်များ  

အ​ဘိ​မ​လက်​က``ငါ​၏​တိုင်း​ပြည်​တစ်​ဝန်း လုံး​တွင် သင်​ကြိုက်​ရာ​အ​ရပ်​၌​နေ​လော့'' ဟု အာ​ဗြ​ဟံ​အား​မိန့်​ကြား​၏။-


သင်​တို့​ဤ​ပြည်​၌​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ ပါ။ ကြိုက်​နှစ်​သက်​ရာ​အ​ရပ်​ကို​ရွေး​၍​နေ​ကြ ပါ။ လွတ်​လပ်​စွာ​ရောင်း​ဝယ်​ဖောက်​ကား​ကြ​ပါ။ ပစ္စည်း​ဥစ္စာ​ကို​လည်း​ပိုင်​ဆိုင်​ကြ​ပါ'' ဟု​ဆို လေ​၏။


``ဤ​သူ​တို့​သည်​ငါ​တို့​ကို​ဖော်​ရွေ​ကြ​ပါ​၏။ သူ​တို့​အား​ငါ​တို့​ပြည်​၌​နေ​၍​လွတ်​လပ်​စွာ သွား​လာ​ခွင့်​ရှိ​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင်​ကျယ်​ဝန်း​ပါ​သည်။ ငါ တို့​သည်​သူ​တို့​၏​သ​မီး​များ​ကို​ထိမ်း​မြား ၍​သူ​တို့​က​လည်း​ငါ​တို့​၏​သ​မီး​များ​ကို ထိမ်း​မြား​ပါ​စေ။-


သင်​တို့​ပြော​သ​မျှ​မှန်​သည်​မ​မှန်​သည်​ကို​ဤ​သို့ စစ်​ဆေး​မည်။ ဖာ​ရော​ဘု​ရင်​၏​အ​မိန့်​အာ​ဏာ အ​ရ​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​တို့ ၏​ညီ​အ​ငယ်​ဆုံး​ကို​ဤ​အ​ရပ်​သို့​မ​ခေါ်​ဆောင်​ခဲ့ လျှင်​သင်​တို့​သည်​ဤ​တိုင်းပြည်​မှ​မ​ထွက်​ခွာ​ရ။-


ထို​နောက်​သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ကို​ငါ့​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။ ထို​သို့​ပြု​လုပ်​လျှင်​သင်​တို့ ၏​စ​ကား​မှန်​ကန်​ကြောင်း​သိ​ရ​မည်။ သင်​တို့​သည် လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု ဆို​လေ​၏။ သူ​တို့​သည်​ယော​သပ်​ပြော​သ​မျှ​သ​ဘော​တူ ကြ​၏။-


ထို့​အ​ပြင်​ကုန်​သည်​ကြီး​များ​ထံ​မှ​ကောက်​ခံ​ရ​ရှိ သည့်​အ​ခွန်​အ​ကောက်​များ၊ ကုန်​စည်​ကူး​သန်း​ရောင်း ဝယ်​မှု​မှ​ထွက်​ပေါ်​လာ​သည့်​အမြတ်​အ​စွန်း​များ၊ အာ​ရပ်​ဘု​ရင်​များ​နှင့်​နယ်​မြေ​ဘုရင်​ခံ​များ ဆက်​သ​သည့်​အ​ခွန်​များ​ရ​ရှိ​သေး​၏။


ထိပ်​ဆုံး​မှ​အ​ညွန့်​အ​ဖျား​ကို​ချိုး​ယူ​၍ ရောင်း ဝယ်​ဖောက်​ကား​သည့်​နိုင်​ငံ​သို့​ယူ​ဆောင်​ကာ ကုန်​သည်​တို့​မြို့​တွင်​စိုက်​ပျိုး​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ